နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ သိန်း (၅၀၀)နဲ့ စားသောက်ကုန်(၁၅)မျိုးအားလှူဒါန်း – Myanmar Hot News
1st June 2023

နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ သိန်း (၅၀၀)နဲ့ စားသောက်ကုန်(၁၅)မျိုးအားလှူဒါန်း

အနုပညာမောင်နှမများစွာနဲ့ဖန်တီးပေါင်းစပ်ထားတဲ့ နှင်းဆီလှေအဖွဲ့သားများကတော့ အငြိမ့်ပွဲများကို ပြည်တွင်းသာမက ပြည်ပမှာပါ ကပြဖျော်ဖြေကြပြီး ရရှိလာတဲ့ ငွေများကိုတော့ ပြည်သူတွေအတွက် သဘာဝဘေးအန္တာရာယ်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်ထူထောင်ရေး အစီအစဉ်များတွင်ပါဝင်လှူဒါန်းနေကြဖြစ်ပါတယ်။

နှင်းဆီလှေအဖွဲ့ သားများကတော့ လူမှုကူညီရေးဖောင်ဒေးရှင်းအနေနဲ့ နှင်းဆီရင်ခွင် လို့နာမည်ပေးထားသော ဖောင်ဒေးရှင်းအဖွဲ့ ဖြင့်ကူညီထောက်ပံ့နေတာဖြစ်ပြီး တကယ်လိုအပ်နေတဲ့ နေရာဒေသများသို့ရောက်ရှိအောင် ဆောင်ရွက် လှူဒါန်းနေတာပဲဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သဘာဝဘေးဒဏ်ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်း(၅၀၀)နဲ့ စားသောက်ကုန် (၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လှုဒါန်းလိုက် ကြောင်းသိရပါတယ်။

Source ; Nay Toe

Leave a Reply

Your email address will not be published. Required fields are marked *