Yangon Hotel Expo 2019 ပွဲတွင်တွေ့ရှိရတဲ့ ပန်းရောင်ခြယ် – Myanmar Hot News
31st May 2023

Yangon Hotel Expo 2019 ပွဲတွင်တွေ့ရှိရတဲ့ ပန်းရောင်ခြယ်

ပန်းရောင်ခြယ်လေးကတော့ အဖေ့ရဲ့ ဂီတအမွေတွေကို ဆက်ခံထားသူလေးဖြစ်ပြီး ဂီတနယ်ပယ်မှာ အောင်မှုကိုထိန်းသိမ်းထားရုံသာမက သရုပ်ဆောင်လောကဘက်သို့ ခြေလှမ်းများစတင်ဝင်ရောက်လာပြီး သရုပ်ဆောင်နယ်ပယ်တွင်အသစ်ဖြစ်သော်လည်း ကြိုးစားပြီးအောင်မြင်အောင် လေ့လာသင်ယူနေပါတယ်။

အခုမှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာဇာတ်လမ်းတွဲကလည်း ရုပ်သံလိုင်းတွင်ထုတ်လွင့်ပြသနေပြီပဲဖြစ်ပါတယ်။ထိုကားရဲ့ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲ မပြသေးခင်ထဲက ပရိသတ်တွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုကိုရရှိထားပါတယ်။

အသက်အရွယ်အားဖြင့်ငယ်သေးသော်လည်း ရရှိလာတဲ့ သူမရဲ့အခွင့်အရေးမှန်သမျှကို အကောင်းဆုံးကြိုးစားသူလေးဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ရက်ကနေ ၂၀ရက်နေ့ထိကျင်းပနေတဲ့ Yangon Hotel Expo 2019 ပွဲမှာတော့ အစိမ်းရောင်ဝတ်ဆုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပြီးလှပနေတဲ့ သူမကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Photo Source : Pan Yaung Chel

Leave a Reply

Your email address will not be published. Required fields are marked *