
မော်ဒယ်လောက ကနေ အနုပညာလုပ်ငန်းစတင်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။သူမကတော့ လက်ရှိမှာ အကြင်နာမြစ်ဖျားဆိုတဲ့ ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး အောက်တိုဘာ၂၃မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။


အမြဲလို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပရိတ်သတ်တွေဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ သူမကတော့ ပရိတ်သတ်တွေ ချစ်ခင်မှုကို အများကြီးရရှိထားပါတယ်။

ယခုမှာတော့ ပန်းရောင် မြန်မာဝတ်စုံလေးနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုတော့ “ခေးကိုသတိရ လွမ်းဆွတ်နေမှာ စိုးလို့ ဓာတ်ပုံလေးတွေ နေ့တိုင်းလာတင်မယ်နော်”ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ ချစ်တဲ့ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးခဲ့ပါတယ်။

ပရိတ်သတ်ကြီးအတွက် အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ ခေးရဲ့ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

Wunna
Source,Khin Wint Wah’fb