
အေးမြတ်သူကတော့ ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းပြီး ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ် ချစ်ခင်အားပေးကျတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီး ယနေ့ထိတိုင် နုပျိုလှပနေဆဲ ဖြစ်တာကြောင့် ပရိတ်သတ်တွေချစ်ခင်မှုကို အခိုင်အမာရရှိထားသူလေးပါ။ လက်ရှိမှာလည်း သရုပ်ဆောင် နေတိုး၊ကျော်ကျော်ဗိုလ်၊ထူးအောင်တို့နဲ့ တွဲဖက်ပြီး စစ်ကား ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြင်ဆင်လျက်ရှိပါတယ်။

ယခုမှာတော့ မိန်းကလေးတွေ အားကျသွားစေလောက်တဲ့ အမိုက်စားဂါဝန်ကြီးကို ၀တ်ဆင်ကာ ဆွဲဆောင်မှုရှိနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက် ဖော်ပြပေးခဲ့ပါတယ်။

ကဲပရိတ်သတ်ကြီး အတွက်အေးမြတ်သူရဲ့ အမိုက်စား ဓာတ်ပုံလေးတွေမျှဝေပေးလိုက်ပါတယ်နော်။

Wunna
Source,Aye Myat Thu’fb