
Mrtv4 ဇာတ်လမ်းတွဲများမှ ပရိတ်သတ်အားပေးမှုရရှိခဲ့တဲ့ အောင်မင်းခန့်ကို အားလုံးသိကြမယ်ထင်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်ကို သိမ်းပိုက်ထားပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ ချောမောတဲ့ရုပ်ရည်တို့ကြောင့် တဖြည်းဖြည်း အောင်မြင်မှု ပိုမိုရရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ သူပါဝင်ရိုက်ကူးထားတဲ့ “ကွီးတို့ရဲ့မာယာ”ဆိုတဲ့ ရုပ်ရှင်ကားကြီးက ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ယခုမှာလည်း သူရဲ့ မိန်းကလေးပရိတ်သတ် ကြီးကိုစနောက်တဲ့ အနေနဲ့ “အချစ် တွေစစ်မစစ် ဓာတ်ခွဲရမယ် လေ
😷😷😷”ဆိုပြီး သူရဲ့လူမှုကွန်ရက်မှာ ပုံလေးနဲ့ စနောက်ထားပါတယ်။ ချစ်တဲ့ ပရိတ်သတ် ကြီးကို အောင်မင်းခန့်ရဲ့ ပုံရိပ်လေး ဖော်ပြပေးလိုက်ပါတယ်နော်။


Source, Aung Min khant’fb