
သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ မြန့်မာ့ဂုဏ်ဆောင် ဘောလုံးသမား အောင်သူနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူပါ။

လက်ရှိသူတို့နှစ်ဦးမှာ သားလေးတစ်ဥိးဖွားမြင်ပြီး ဖြစ်ပြီး ပရိတ်သတ်တွေ အားပေးချစ်ခင်ရတဲ့ စံပြမိသားစုလေးဖြစ်နေပါပြီ။သားလေးဟာ ယခု လက်ရှိမှာ ၃လပြည့်ခဲ့ပြီဖြစ်ပြီး သားလေးအတွက် မွေးနေ့ဆုတောင်းကို မေမေပိုးအိအိခန့်က
“မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို ၃လပြည့်ပါပီ❤ Happy Birthday❤ ပါသားလေးရေ
မေမေ့သားလေး ၃လပြည့်မွေးနေ့ကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျိုး ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ပါစေလို့ မေမေတရေးနိုးထ နို့တိုက်ရင်း ဆုတောင်းပေးလိုက်ပါတယ် 😁😁😁”သူမရဲ့ လူမှုကွန်ရက်မှာ ချစ်စရာသားလေးရဲ့ ပုံလေးတွေနဲ့ ဆုတောင်းပေးခဲ့ပါတယ်။


ပရိတ်သတ်ကြီးလည်း အောင်သူတို့ မိသားစုလေးကို ချစ်ခင်ပေးကြပါဦးနော်။

Wunna
Source,Poe Ei Ei Khant’fb