
မင်းသားချော ဒေါင်းကတော့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက် ကမှ ပရိတ်သတ်တွေကြား တစ်ရှိန်ထိုး အောင်မြင်လာကာ ပရိတ်သတ်တွေရဲ့အား ပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသားတစ်လက်ဘဲဖြစ်ပါတယ်။ လိပ်ပြာစံအိမ် နဲ့ ဒဏ္ဍာရီမိုးဇာတ်ကားမှာလည်း သူ့ရဲ့ အနုပညာ စွမ်းရည်တွေကို အကောင်းဆုံး ချပြထားနိုင်ခဲ့ပါသေးတယ်။

လက်ရှိမှာလည်း Love equation ဇာတ်ကာစလေးကို ဖွေးဖွေး သက်မွန်းတို့နဲ့ အတူတူ ရိုက်ကူးနေပြီဘဲ ဖြစ်ပါတယ်။

ဒေါင်းဟာ စာပေတွေ ကဗျာတွေကို မက်မောတတ်ပြီး အနုပညာ ကိုလည်း စိတ်နှစ်ကာ အကောင်းဆုံးကြိုးစားတတ်သူဖြစ်ပါတယ်။

မင်းသမီးသက်မွန်မြင်ကတောင် ဒေါင်းရဲ့ အနုပညာ ဈာန်ဝင်မှုကို ချီးကျူးခဲ့ပါသေးတယ်” တော်ပါတယ် အရမ်းလည်း ကြိုးစားတယ် အခုနောင်ပိုင်းမှာ သူတစ်ကယ်လည်း တက်လာတယ်ဆိုတော့ ကိုယ့်အနုပညာ လောကမှာသူလိုလူလေးတွေ ပေါ်လာတာ ပျော်ပါတယ် သူကသူ့ဇာတ်ကောင်အတိုင်းနေတယ် အပြင်ကာရိုက်တာသူမနေဘူး တက်ာကိုစိတ်နှစ်ပြီး ဇာတ်ကောင်အတိုင်းနေတယ်ဆိုတော့ သူဒီအလုပ်ကို တစ်ကယ်ချစ်ပြီး ကြိုးစားနေတာ သိသာပါတယ်” ဟုပြောသွားပါတယ်။

ပရိတ်သတ်တွေထဲက ရော love equation ဆိုတဲ့ အချစ်ဇာတ်ကားမှာ တွေ့ရမယ့် ဒေါင်းကို မျော်နေတဲ့ သူတွေ ရှိလား။
Source MC