
အကယ်ဒမီမင်းသမီးချောသက်မွန်မြင့်ကတော့ အနုပညာ လောကမှာ ဆယ်ဆုနှစ်၂ခု အကြာတိုင် ရပ်တည် နိုင်ခဲ့ပြီး သူရဲ့ အကောင်းဆုံး အနုပညာ တွေကို ပရိတ်သတ်တွေကို ချပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အနေအေးပြီး ရိုးရှင်းတဲ့ သူလေးကိုပရိတ်သတ်တွေက လေးစားချစ်ခင်ကြပါတယ် အနုပညာ သက်တမ်းကြာမြင့်တဲ့အထိကို ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုလျော့ကျသွားခြင်းမရှိဘဲ လက်ရှိအချိန် ထိအောင်မြင်နေဆဲ မင်းသမီးတစ်လက်ဘဲ ဖြစ်ပါတယ်။

ကလေး၂ယောက်အမေလို့မထင်ရလောက်အောင်ကို ယခုအချိန်ထိ နုပျိုပြီး အရင်လိုလှမြဲဘဲဖြစ်ပါတယ်။သက်မွန်ဟာလက်ရှိမှာတော့ အချစ်ဇာတ်ကားလေးဖြစ်တဲ့ love equation ဇာတ်ကားလေးကို ရိုက်ကူးလျက်ရှိပါတယ်။ ယင့းဇာတ်ကားလေးမှာ သက်မွန်အပြင် ဒေါင်းနဲ့ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သက်မွန်ကတော့ မင်ူသားချော ဒေါင်းရဲ့ အမနေရာမှ တည်တည်ငြိမ်ငြိမ်လေးနဲ့ သရုပ်ဆောင်သွားရမယ်လို့ဆိုပါတယ်” အဲ့မှာအမနေရာသရုပ်ဆောင်ရမာ် ဒေါင်းနဲ့လဲ တကယ် အသက်ကကွာတယ် မမဆိုတော့ တည်တည်လေးနဲ့အငြိမ် လုပ်ရမှာ ကိုယ် ပျော်ပျော်နေတတ်တဲ့သူဆိုတော့ကိုယ့်ပုံစံ မဝင်သွားအောင် ထိန်းနေရတယ်” ဟုဆိုပါတယ်။


ယင်းဇာတ်ကားလေးကတော့ ဒေါင်းနဲ့ သက်မွန်မြင့် တို့ရဲ့ ပထမဆုံးဇာတ်ကားလေးဖြစ်ပြီး ကြည့်ရှုတဲ့ ပရိတ်သတ်တွေကို ရသ အသစ်ခံစားရစေမှာအသေအချာပါဘဲ။

Source MC