
MYANMAR IDOL မှ တစ်ဆင့် ပရိတ်သတ်တွေ ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ချမ်းမြေ့မောင်ချိုက လက်ရှိ မှာ အနုပညာ အလုပ်တွေ ကိုကြိုးစားလုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ပရိတ်သတ်တွေ အတွက်ကြိုးစားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့မှာပင် အသက်၂၀ပြည့်သွားခဲ့ပြီး ငယ်ရွယ်ပြီး တက်ကြွတဲ့သူမဟာ အနုပညာ အလုပ်တွေပို မာန်ပါပါ လုပ်ဆောင်လျက်ရှိနေပါတယ်။

မောင်ချိုလေးဟာ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေလေး ထုတ်ဖို့စီစဉ်နေပြီဟုသိရပါတယ်။တစ်ကိုယ်တော်ခွေကြောင့် အလုပ်တွေ ရှုပ်နေတဲ့ မောင်ချိုလေးက စားမေးပွဲတစ်ဖက် ပွဲတွေ တစ်ဖက်နဲ့ မအားလပ်နိုင်ရှိနေပါတယ်။

မောင်ချိုလေးက ၁၁ လပိုင်း နောက်ပိုင်းမှ ပွဲတွေ လက်ခံသွားမယ်ဟုလည်း သိရပါတယ်။
” စာမေးပွဲရှိလို့ ပွဲတွေ လက်မခံတော့ဘူး စာမေးပွဲက ၂၉ ရက်နေ့ကနေ ၅ရက်နေ့ထိ စာမေးပွဲ ရှိပါတယ် ပီးမှာဘဲ ပွဲတွေ လက်ခံဖြစ်မယ် ဥပဒေ ဒုတိယနှစ်တက်နေတာပါ အရင်နှစ်ကလည်း မဖြေဖြစ်လိုက်တော့ ဒီနှစ်ခေးတော့အောင်ချင်ပါတယ်” ဟုပြောသွားပါတယ်။

မောင်ချိုလေးက အခုလောက်ဆို ၂၉ရက်နေ့အတွက် စာတွေ ကြိုးစားပမ်းစားလုပ်နေလောက်ပြီနော်။ မောင်ချိုလေး စာမေးပွဲ ဖြေနိုင်ဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။

Source MC