Cele News

မိုးမိုးမြင့်​​အောင်ဆီသွား​ရောက်​ဂါရဝပြု ကန်​​တော့ခဲ့တဲ့ မိုး​အောင်​ရင်

ဆရာတပည့်​ ဆက်​ဆံ​ရေးထက်​ကို ပိုကာ အမိနဲ့သားပမာ အချင်းချင်း​စောက်​​ရှောက်​ချစ်​ခင်​ကြတဲ့ သူတို့နှစ်​ဦးက​တော့ အကယ်​ဒမီ မင်းသမီး​ချောကြီး မိုးမိုးမြင့်​​အောင်​နဲ့ မိုး​အောင်​ရင်​တို့ဘဲ ဖြစ်​ပါတယ်​။ မိုး​အောင်​ရင်​ တက်​စ မင်းသားဘဝထဲက သင်​ပြ​စောက်​​ရှောက်​ခဲ့ပြီး ယ​နေ့တိုင်​ အချင်းချင်း အဆက်​အသွယ်​မပြတ်​ရှိခဲ့ကြပါတယ်​။

မိုး​အောင်​ရင်​တစ်​​ယောက်​ ပြစ်​ဒဏ်​ကျခဲ့ရတဲ့ နှစ်​​တွေမှာ အန်​တီမို့က​တော့ သားတစ်​​ယောက်​ ဆုံးရှုံးရသလို ဝမ်းနည်းခဲ့ရပါ​သေးတယ်​။ယ​နေ့မှာ​တော့ သူတို့နှစ်​​ယောက်​ဟာ အချင်းချင်းပြန်​လည်​​တွေ့ဆုံးပြီဘဲ ဖြစ်​ပါတယ်​။

သားတပည့်​ဖြစ်​တဲ့ မိုး​အောင်​ရင်​က မိုးမိုးမြင့်​​အောင်​ကို ဦးချ ကန်​​တော့ ခဲ့ပါ​သေးတယ်​။

မိုးမိုးမြင်ြ​အောင်​က မိုး​အောင်​ရင်​ သူမဆီသို့​ရောက်​လာကာ သီတင်းကျွတ်​ကန်တော့ခဲ့ကြောင်းကို ” ဒီနေ့တော့ နေ့လည်ကသားသားလာကန်တော့တယ်။မို့အမျိုးသားနဲ့(၁၉၈၇)ခုနှစ်ကလက်ထပ်တာဆိုတော့သားသားကိုမွေးမယ်ဆို၈၈ခုနှစ်ပေါ့။ သားသားက(၈၈)မှာမွေးတာလေ။ဝမ်းနဲ့လွယ်မမွေးရပေမဲ့အနုပညာနဲ့လွယ်မွေးရတာပါ။ကိုယ်သားကိုအကောင်းဆုံးတွေကြီးဖြစ်စေချင်ခဲ့တာပါ။ အခုသားသားကလိမ်မာနေပြီဆိုတော့အဆိုးထဲကအကောင်းပေါ့။သားသားကိုမြတ်စွာဘုရားစောင့်ရှောက်လို့လူချွန်လူကောင်းဖြစ်ပါစေ။ ” ဆိုပြီး ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

Source Academy Moe Moe Myint Aung

Leave a Reply

Your email address will not be published. Required fields are marked *