
မော်ဒယ်လောကကနေ သရုပ်ဆောင်လောကထဲသို့ပြောင်းရွှေ့လာတဲ့ အနုပညာရှင်များစွာရှိပါတယ်။မော်ဒယ်လောကမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မိုးစက်ဝိုင်ကတော့ မော်ဒယ်လောကထဲတွင် အခြေချနေပြီး ခြေလှမ်းသစ်များအဖြစ် သရုပ်ဆောင် လုပ်ငန်းတွေကိုပါ ချဲ့ထွင်လုပ်ကိုင်လျက်ရှိပါတယ်။

သူမအနေနဲ့ မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနဲ့အညီ လိုက်လျောညီထွေအောင် ၀တ်ဆင်နေထိုင်ရပြီး အမိုက်စား ၀တ်စုံပုံစံတွေနဲ့ပဲတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။သူမရဲ့ လှပသွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် ဘယ်အ၀တ်အစားပဲဝတ်ဝတ် ကြည့်ကောင်းနေပါတယ်။


အခုအခါမှာတော့ တမူထူးခြားနေတဲ့ မြန်မာဝတ်စုံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အမြင်ထူးပေမယ့်လည်း မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်နေတာကြောင့် ကျက်သရေရှိရှိ လှပနေပါတယ်။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ အလှတရားပြည့်စုံနေပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Source; Moeset Wine