
နေရာဒေသတွေကိုစူစမ်းလေ့လာကာသွားရောက်လည်ပတ်နေတဲ့ သူလေးကတော့ အေးသောင်းပဲဖြစ်ပါတယ်။ သူမကတော့ အနုပညာလျှောက်လှမ်းမှာအောင်မြင်နေရုံသာမက အပြင်လောကစီပွားရေးဘက်မှာလဲအောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။

သူမအနေနဲ့ အနုပညာလောကထဲမှာ ငယ်ရွယ်စဉ်က တရှိန်ထိုးမအောင်မြင်ခဲ့ပေမယ့် အခုအခါမှာတော့ အသက်အ၇ွယ်ရင့်ကျက်လာတာနဲ့အမျှ အောင်မြင်မှုလမ်းစပေါ်မှာ ပိုတိုးလို့အောင်မြင်လာပါတယ်။သူမပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ရုပ်အလိုက်ပီပြင်အောင် သရုပ်ဆောင်နိုင်သူလဲဖြစ်ပါတယ်။


အခုအခါမှာတော့ ကျေးလတ်တောရွာလေးကိုရောက်ရှိနေပြီး သာယာလှပတဲ့ ရှုခင်းလေးတွေကိုတွေ့မြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ ကျေးလတ်ဒေသရဲ့ အလှတရားတွေကိုနောက်ခံထားကာရိုက်ကူးထားတဲ့ ပုံလေးတွေကို ” သမီးရီးစား စကားလာမပြောနဲ့
တောသူများ ဘာထင်တယ်
ရိုသေစွာ လင့်ဝတ်တရားကို အများကြီးသိတတ်တယ် ” ဆိုတဲ့ သီချင်းစာသားလေးနဲ့ Social Media ပေါ်မှာရေးသား တင်ပြထားပါတယ်။

Photo Source; Aye Thaung