
ပရိတ်သတ်တွေ တစ်ခဲနက်အားပေးရတဲ့ အကယ်ဒမီ ဆုရှင်တွေ ဖြစ်ကြတဲ့ မင်းသားချော နေတိုးနဲ့ မင်းသမီးချောအူဝဲတို့ရဲ့ နှစ်ကာလကြာမှ တစ်ဖန် ပြန်ဆုံဆည်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ “Box No.88” ဇာတ်ကားလေးဟာနိုဝင်ဘာလ အစမှာရုံတင်တော့မှာဖြစ်ပါတယ်။

ယင်းဇာတ်ကားလေးဟာ လက်ရှိမြန်မာပြည်ရဲ့ ပြည်သူတွေ ၇ဲ့ ရင်ဘတ်ထဲကို ဝင်ကြည့်ကာ ရိုက်ထားသကဲ့သို့ ခံစားချက်တွေ ထပ်တူကျစေမှာပါ။ ဇာတ်ကားလေးထဲမှာ ကလေးသူငယ်အကြမ်းဖက်မှုတွေနဲ့ မိဘတွေရဲ့ ရင်တွင်းပူဆွေးသောကရောက်မှုတွေ ကွက်ကွက်ကွင်းကွင်းမြင်ရမှာဖြစ်ပါတယ်။

Posterနဲ့တင်ပရိတ်သတ်တွေရဲ့ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာအသေအချာပါဘဲ ။

နေတိုး၊အိန္ဒြာကျော်ဇင်၊ထွနိးထွန်း ၊သားညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသမှာဘဲ ဖြစ်ပါတယ်။

Source 7thsensecreation