ရည်းစားမထားချင်​တဲ့ အ​ကြောင်းကို​ပြောပြလာတဲ့ ခြူး​လေး – Myanmar Hot News
30th May 2023

ရည်းစားမထားချင်​တဲ့ အ​ကြောင်းကို​ပြောပြလာတဲ့ ခြူး​လေး

MRTV-4ဇာတ်​လမ်းတွဲဖြင့်​ ​အောင်​မြင်​​ကျော်ကြားလာသူမင်းသမီးခြူး​လေး ခြူး​လေးက​တော့ လက်​ရှိမှာ​တော့ ရုပ်​ရှင်​ ဇာတ်​ကား​တွေမှာပါ ပါဝင်​သရုပ်​​ဆောင်​လျက်​ရှိ​နေပါပြီ။ခြူး​လေးဟာ ယခု ၂၀၁၉​နှစ်​ပိုင်း​တွေမှာမှ ယခင်​ကထက်​လူသိများလာကာ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို တစ်​ခဲနက်​ရရှိလာသူပါ။ သူမဟာ ၂၀၁၈ ခုနှစ်​ရဲ့ ရုပ်​ရှင်​ ထူးချွန်​ဆု​ပေးပွဲတွင်​ ဇာတ်​ပို့ ဆုအတွက်​ စံကာတင်းစာရင်းဝင်​ခဲ့ပါ​သေးတယ်​။ အနုပညာအ​ပေါ် ရူးသွပ်​လွနိးတဲ့ သူမက​တော့ လက်​ရှိမှာ အနုပညာ​ဘက်​ကိုဘဲ ​ဇောက်​ချကာ အပတ်​တကုပ်​လုက်​ကိုင်​​နေပါတယ်​။

ခြူး​လေးတစ်​​ယောက်​ကို ပရိတ်​သတ်​​တွေ ဇာတ်​လမ်းတွဲ​တွေနဲ့ စတင်​အား​ပေးခဲ့ရတာပါ။ လွန်​ခဲ့တဲ့ တစ်​နှစ်​ခန့်​က ချစ်​သူနဲ့ပြတ်​ဆဲခဲ့ရာမှ ​သေကြာင်းကြံစည်​မှု​တွေ လုပ်​ခဲ့ရာ မ​အောင်​မြင်​ခဲ့ဘူးဆိုတာပရိတ်​သတ်​​တွေ သိကြမှာပါ။ အဘက်​ဘက်​က စိတ်​ဓာတ်​ကျ​နေတဲ့ ခြူး​လေးက အရာအားလုံးကို ​ကျောခိုင်းခဲ့ဖို့ဆုံးဖြတ်​ခဲ့​ပေမယ့်​ ပရိတ်​သတ်​​တွေရဲ့ ​ဖေးမမှု​ကြောင့်​ တစ်​​ကျော်​ပြန်​လည်​ ရှင်​သန်​ခဲ့ရပါတယ်​။ လက်​ရှိမှာ တစ်​ကိုယ်​တည်းဘဲ အနုပညာ အလုပ်​​တွေကို ​တောက်​​လျောက်​လုပ်​ကိုင်​​နေလျက်​ရှိပြီး အခုထိကို အချစ်​သစ်​မရှာ​သေးပါဘူး

ခြူး​လေးက ချစ်​သူမထားရတဲ့ အ​ကြောင်း​တွေကိုလည်း​ပြောပြလာပါတယ်​” မထားချင်​​သေးတာ မသိဘူး ရင်​ခုန်​တာက အသဲပုံသကြားလုံး​လေးပေးရင်​​တောင်​ခုန်​ရင်​ခုန်​သွားနိုင်​တယ်​​လေ ချမ်းသာမှမဟုတ်​ပါဘူး အရည်​ချင်းရှိရင်​​အဆင်​​ပြေပါတယ်​ အရည်​ချင်းသာရှိရင်​ တစ်​ချိန်​ အမြင့်​တစ်​​နေရာ​ရောက်​လာမယ်​ ကိုက ဆင်းရဲ တဲ့ကံပါ​နေရင်​ ဘယ်​လ​လောက်​ဘဲ ချမ်းသာတာယူယူ ဆင်းရဲ မှာဘဲ​လေ အလကား​နေ ကိုယ့်​ကြာင့်​ သူပါဆင်းရဲ​နေဦးမယ်​ အိမ်​မှာလည်း လူ​တွေ တိုးလာ​တော့ အလုပ်​ကိုဘဲ ပိုကြိုးစားဖို့အာ၇ုံ​ရောက်​​နေတယ်​ “ဟုဆိုလာပါတယ်​။ခြူး​လေးပအလုပ်​​တွေဘဲ ကြိုးစား​နေပြီးခြူး​လေးရဲ့ ဇာတ်​ကားကြီး​တွေနဲ့ ဇာတ်​လမိးတွဲ​တွေ ကြည့်​ရဖို့အများကြီးရှိ​သေးတာမို့ ခြူး​လေးပရျတ်​သတ်​​တွေ အတွက်​​တော့ ​ပျော်​စရာသတင်းပါဘဲ​နော်​။

Source myanmar cele7

Leave a Reply

Your email address will not be published. Required fields are marked *