သူမရဲ့ ဘယ်​ဇာတ်​လမ်တွဲ​တွေကိုအကြိုက်​ဆုံးလဲဟု​မေးလာတဲ့ ပိုးကြာဖြူခင်​ – Myanmar Hot News
2nd June 2023

သူမရဲ့ ဘယ်​ဇာတ်​လမ်တွဲ​တွေကိုအကြိုက်​ဆုံးလဲဟု​မေးလာတဲ့ ပိုးကြာဖြူခင်

MRTV 4​ဇာတ်​လမ်းတွဲ​တွေရဲ့ ပရိတ်​သတ်​ဆိုရင်​ သူမကို သိမှာပါ​။ ၀င်္ကပါ စံအိမ်၊မိုးကောင်းကင် အိမ်မက်၊ကြယ်ကလေးရဲ့ ကောင်းကင် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်​သရုပ်​​ဆောင်​ခဲ့ပြီး ပရိတ်​သတ်​အား​ပေးမှုကို ရရှိထားသူပါ။

“ဝင်္ကပါစံအိမ်”ဇာတ်လမ်းတွဲ​​​မှာ မသန်စွမ်းဖြစ်နေတဲ့ကောင်မလေး အိမ်ကိုစာလာသင်ပေးတဲ့ ဆရာမ “မာရီမြင့်”​နေရာက​နေ သရုပ်​​ဆောင်​ထားခဲ့တာကိုပရိတ်​သတ်​​တွေသိမှာပါ။ MRTV- 4 ဇာတ်​လမ်းတွဲရယ်​လို့ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အပြတ်​အသတ်​ရခဲ့တဲ့ ဇာတ်​လမ်းတွဲ​လေးဘဲ ဖြစ်​ပါတယ်​။အောင်​မင်းခန့်​နဲ့အတူ စိတ်​ဝင်​စားစရာ ဇာတ်​ကွက်​​တေံနဲ့ ပြည့်​​နေတဲ့ ဇာတ်​ကား​လေးဟာ ပရိတ်​သတ်​ကြားအ​တော်​​လေး​ပေါက်​ခဲ့ပါတယ်​။

အဲ့ဒီနောက်မှာတော့ “မိုးကောင်ကင်အိပ်မက်”ဇာတ်လမ်းတွဲထဲမှာ အဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး “ဆိုင်းမိုင်”နေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယင်း​ဇာတ်လမ်းတွဲလေးကတော့ သူမကို “ဆိုင်းမိုင်”အဖြစ်နဲ့ပရိသတ့လက်ခံအားပေးမှုအမြင့်ဆုံးဇာတ်ကားလို့လည်းဆိုရမှာပါ။

“ကြယ်ကလေးရဲ့ကောင်းကင်”ဇာတ်လမ်းတွဲမှာလည်း “ချစ်ပန်းအိမ်”အဖြစ်၊ “ဥယျာဉ်မှူးဖြစ်ဖူးချင်သည်” ဇာတ်လမ်းတွဲမှာ “မဝေ”အဖြစ်၊ “မမထိပ်နဲ့အမွေစံအိမ်”ဇာတ်လမ်းတွဲမှာ “မွှေး”အဖြစ်နဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပရိတ်​သတ်​​တွေ​ရော ပိုးကြာဖြူခင်​ ရဲ့ ဘယ်​ဇာတ်​လမ်းတွဲ​လေးကိုအကြိုက်​ဆုံးလဲ ​ဖြေခဲ့​နော်​။

Source Poe kyar phyu khin

Leave a Reply

Your email address will not be published. Required fields are marked *