Cele News

ထွန်းထွန်းမှာ ချစ်သူချစ်နေတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ Sinon Loresca

နှင်းဆီလှေအငြိမ့်ပွဲတွင် Sinon နေရာကနေ ဖျော်ဖြေခဲ့တဲ့ထွန်းထွန်းကတော့ ပွဲပြီးဆုံးပြီး နောက်နေ့မှာတော့ ‌တစ်ယောက်နဲ့တစ်ယောက် သွားယောက်တွေ့ဆုံခဲ့ပြီး မိတ်ဆက် ပွဲလေးအနေဖြင့်တွေ့ရှိခဲ့ကြပါတယ်။

Sinon ကတော့ထွန်းထွန်းကိုအရမ်းသဘောကျပြီး ထွန်းထွန်းရဲ့ နွေးထွေးပျူငှာစွာ ဆက်ဆံမှုနဲ့အတူလက်ဆောင်တွေလဲပေးလိုက်တာကြောင့် အရမ်း သဘောကျပေမယ့် သူမှာချစ်သူရှိနေတာကြောင့်စိတ်မကောင်းဖြစ်နေရှာပါတယ်။ Sinon က သူနဲ့ရှိနေတဲ့အချိန်တုန်းက ထွန်းထွန်းနဲ့သူ့ရဲ့ကောင်မလး video call ပြောနေတာတွေ့တယ် အရမ်းချစ်ဖို့ကောင်းတယ် ကိုယ်နဲ့တောင်တူတယ်လို့ရယ်မောစွာပြောပြခဲ့ပါတယ် ။

ထွန်းထွန်းနဲ့လက်တွဲပြီးအနုပညာအလုပ်တွေလုပ်ကိုင်ရမယ်ဆိုရင် သူအနေနဲ့ငြင်းဖို့မရှိပါဘူး yes လို့ပဲဖြေမိမှာပါ ဘာလို့လဲဆိုတော့အကယ်ဒမီဆုရှင်လဲဖြစ် အနုပညာဝမ်းစာပြည့်နေတာဖြစ်တာကြောင့်ပါ ပြီးတော့ ဆယ်လီတစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ထိတွေ့ဖို့မလွယ်ကူဘူးလို့လဲပြောကြားထားပါသေးတယ်။

Source,အကုန်​သိ

Leave a Reply

Your email address will not be published. Required fields are marked *