ချစ်​သူသက်​တမ်း ၁၀နှစ်​​ကျော်​ခိုင်​မြဲ​နေတဲ့ အ​ကြောင်းအရင်းကို​ပြောပြလာတဲ့ ​နေ၀င်း – Myanmar Hot News
2nd June 2023

ချစ်​သူသက်​တမ်း ၁၀နှစ်​​ကျော်​ခိုင်​မြဲ​နေတဲ့ အ​ကြောင်းအရင်းကို​ပြောပြလာတဲ့ ​နေ၀င်း

ပရိတ်​သတ်​ကြီး အဆို​တော်​​နေ၀င်း(snare)ကို​တော့ ​တော်​​တော်​များများသိကြမယ်​ထင်​ပါတယ်​​နော်​​။လူငယ်​ပရိတ်​သတ်​​တွေရင်​ထဲကို ထိ​စေမယ့်​ စာသား​တွေကို ထိထိမိမိ​ရေးစပ်​သီဆိုနိုင်​ခဲ့လို့ ​အောင်​မြင်​မှု​များစွာကို ပိုင်​ဆိုင်​ထားတဲ့ အဆို​တော်​တစ်​​ယောက်​ပါ။နေ၀င်းဟာ Travel Blogger​လေး အိမ့်​ချစ်​​ချောနဲ့ ချစ်​သူ သက်​တမ်း ၁၀နှစ်​​ကျော်​ရှိပြီပဲ ဖြစ်​ပါတယ်​။

လက်​ရှိ အချစ်​​ရေးအ​ခြေ​အ​နေကို​တော့‘’ကျွန်တော်တို့လည်း ပုံမှန်အတိုင်းပဲ ရွေ့လာတာ နှစ်တွေက ကြာလာပြီဆိုတော့ သက္ကရာဇ်တွေက အသိအမှတ်ပြုပေးတာပေါ့နော်။ ကျွန်တော်တို့ နှစ်ယောက်ဟိုးအချိန်တွေ စတွဲလာကတည်းက ဒီအတိုင်းပါပဲ။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါကျတော့ ချောကလည်း သူ့ရဲ့ ခရီးသွားတဲ့ဘက်မှာ အဆင်ပြေလာတယ်။ ကျွန်တော်တို့ကလည်း ဒီဘက်မှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိပြီးသားဆိုတော့ လူတွေက ပိုပြီးတော့ သတိထားမိကြတယ်။ အဲဒီနောက်မှာလည်း ပိုချစ်ကြတယ်၊ ပိုအားပေးလာကြတယ်’’ ​ဆိုပြီး သူရဲ့အချစ်​​ရေးအ​ကြောင်းကို ​ဖြေကြား​ပေးခဲ့ပါတယ်​။

၁၀နှစ်​​ကျော်အ​ချိန်​ထိ ခိုင်​မြဲ​နေတဲ့ သူတို့အချစ်​​ရေးအ​ကြောင်းကို​တော့‘’ လူတစ်ယောက်နဲ့ တစ်ယောက်မှာတော့ အဓိက က နားလည်မှုပါပဲ။ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ဆိုရင် အရာအားလုံးက တည်မြဲပါတယ်။ လူတိုင်းမှာတော့ ပြဿနာလေးတွေတော့ ရှိတာပေါ့။ ဒီပြဿနာကို ဖြေရှင်းနည်းတွေလည်းရှိပါတယ်။ ဒီနည်းတွေနဲ့ပဲ အကောင်းဆုံးဖြေရှင်းခဲ့တာပါပဲ’’ ဆိုပြီး ပရိတ်​သတ်​​တွေ အတွက်​ပြန်​လည်​​ဖြေကြား​ပေးခဲ့ပါတယ်​။

ပရိတ်​သတ်​ကြီးလည်း ​နေ၀င်းနဲ့ အိမ့်​ချစ်​​ချော နှစ်​​တွေအများကြီးဆက်​ချစ်​သွားနိုင်​ဖို့ ဆု​တောင်း​ပေးလိုက်​ပါဦး​နော်​။

Wunna
Source,MC

Leave a Reply

Your email address will not be published. Required fields are marked *