
ဆရာဝန်မလေး ချစ်သုဝေလေးကတော့ ယနေ့မှာ ကျင်းပခဲ့တဲ့ Lifebuoy ရဲ့ help a child learn hand washing ပွဲလေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်စဉ်ထဲက အနုပညာလောကထဲကိုရောက်ရှိလာတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သရုပ်ဆောင်အလုပ်ကိုမလုပ်ကိုင်တာ ၅နှစ်ရှိနေပြီဖြစ်ပါတယ်။

အနုပညာနဲ့ပက်သတ်လာရင်တော့ ကြော်ငြာတွေရိုက်ကူးနေဖြစ်ပြီး ပွဲတွေလာဖိတ်ရင်တော့ သီချင်းတွေသီဆို ဖြစ်နေတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ သူမကတော့ သာယာလှပတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလဲပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။


သမီးလေးတွေရှိတဲ့ မိခင်ဖြစ်တဲ့ အပြင် ကလေးချစ်တက်တဲ့သူမကတော့ help a child learn hand washing ပွဲလေးမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ကိကိလေးရယ် ထိပ်ထားလေးရယ် ခေတ်လေးရယ် မီးမီးလေး ၃ယောက်နဲ့အတူတူ ကလေးဗိုလ်လေးအဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photo Source ; Chit Thu Wai , Ki Ki