
သီချင်းကောင်းကောင်းလေးတွေကို အရည်အသွေးမှီမှီ ဖန်တီးနိုင်ပြီးလူငယ် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိထားတဲ့သူဘဲဖြစ်ပါတယ်။စိုင်းစိုင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်၂ခုလောက်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာရာ ယနေ့အချိန်ထိကို အောင်မြင်မှုကိုထိန်းထားနိုင်ဆဲရှိပါတယ်။

ပြုမှုပြောဆိုပုံ ပြေပြစ်ပြီးပရိတ်သတ်တွေအပေါ် ဆက်ဆံရေး ကောင်းတဲ့ သူလည်း ဖြစ်တာကြောင့် လူငယ်များရဲ့ IDOLအဖြစ် သတ်မှတ်ခံထားရသူပါ။စိုင်းစိုင်းကသီချင်းများကိုလည်း ရင်ထဲထိ ထိအောင် ရေးဖွဲ့ သီဆိုနိုင်သူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စိုင်းစိုင်း ကဆရာကန်တော့ပွဲ ရောက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို တင်ထားခဲ့ပါတယ်။


စိုင်းစိုင်းက”YUFL အင်္ဂလိပ်စာ ဆရာကန်တော့ပွဲအမှတ်တရ “ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျပေါ်မှာတင်ထားခဲ့တာပါ။
စိုင်းစိုင်းက အောင်မြင်တဲ့အဆိုတော် ဖြစ်နေတာတောင် အားလုံနဲ့ တရင်းတနှီး နဲ့ ပျော်ပျော်ပါးပါး ဆရာကန်တော့ပွဲလေးကို ဆင်နွှဲခဲ့ပါတယ်။ စိုင်းစိုင်းဟာ အလုပ်တွေများတာတောင်နှစ်တိုင်းဆရာကန်တော့ပွဲကို မပျက်မကွက် ဂါရဝပြုတတ်တဲ့ လေးစားစရာကောင်းတဲ့ သူပါဘဲ။

Source sai Sai khem leng