
တိုက်ခန်း ရဲ့ ၈လွှာမှာနေထိုင်နေရတာဖြစ်ပြီး တစ်ယောက်ထဲ ရှင်သန်နေရတဲ့ မင်းသမီးကြီးဒေါ်ခင်မေသက်ကတော့ တချိန်ကအနုပညာလောကမှာ မှတ်တိုင်များစွာကိုစိုက်ထူခဲ့ပြီး အနုပညာလျောက်လှမ်းပေါ်က ကြယ်ပွင့်များထဲက တစ်ပွင့်ဖြစ်ပါတယ်။


သူမကိုသွားရောက်ကူညီမယ့်သူမရှိသေးဘဲ နေထိုင်မှုအခက်အခဲဖြစ်နေတာကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ Sinon Loresca ကနေ သူရဲ့ချွေးနည်းစာလေးနဲ့ သွားရောက် ကန်တော့ကာ အားပေးစကားများပြောဆိုခဲ့ပြီး တခြားတက်နိုင်တဲ့သူတွေကို လာရောက်ကူညီအားပေးကြဖို့လဲ Media မှတဆင့် ပြောကြားခဲ့ပါတယ်။

Sinon Loresca ကသူလဲတစ်ယောက်ထဲ နေထိုင်ရတဲ့အခါ အရမ်းခက်ခဲတယ် လူငယ်တစ်ယောက်အနေနဲ့ကတော့ ကြုံတွေ့လာတဲ့အခက်အခဲကိုရင်ဆိုင်ရတာ အဆင်ပြေပေမယ့် မိန်းမကြီးတစ်ယောက်အနေနဲ့ ရင်ဆိုင်ဖို့ကမလွယ်ကူဘူး။ သူအနေနဲ့ မြန်မာပြည်မှာ ကူညီမှုတွေ လုပ်နေတယ်ဆိုတာ မြန်မာလူမျိုးတွေက အရမ်းဖော်ရွှေတာကြောင့်ရယ် ကျင်နာတရားရှိတာကြောင့်ရယ်လို့ ပြောပြထားခဲ့ပါတယ်။

Source; MC