
မင်းသမီးလေး ဆုအိမ်စံနဲ့ မင်းသားချော သူရိယတို့ဟာ အားလုံးသိကြတဲ့အတိုင်း မိဘချင်းတွေ့ဆုံကာ စေ့စပ်ကြောင်းလမ်း ပြုလုပ်ခဲ့ပြီး ပရိတ်သတ်တွေ အရမ်းအားကျခဲ့ရတဲ့ ချစ်သူနှစ်ဦးဖြစ်ခဲ့ကြပါတယ်။မမျော်လင့်ဘဲ သူတို့နှစ်ဦးရဲ့ ပြတ်စဲမှုသတင်းက သူတို့နှစ်ယောက် ရဲ့ပရိတ်သတ်တွေ အတွက် အံ့အားသင့် ခဲ့ရပါတယ်။ ဆုအိမ်စံကတော့ ယင်းကိစ္စနဲ့ပတ်သတ်ပြီး ချစ်သူဟောင်းဖြစ်သူ သူရိယနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေး ဖြစ်ကာ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းမှုကို တရားစွဲဆိုသည့်အထိ ဖြစ်ခဲ့ပါတယ်။


လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလမှာ မင်္ဂလာဆောင် ဖို့ ဟိုတယ်တွေပါ ကြိုတင်ဘိုကင်လုပ်ထားခဲ့ပြီး အရားအယးလုံးကိုအဘက်ဘက်မှအဆင်သင့်ဖြစ်အောင်လုက်ခဲ့ပေမယ့် ပျော်စရာမကောင်းတဲ့ surprise တစ်ခုကို သူရိယဆီကနေ ရခဲ့ရပါတယ်။
ယနေ့အချိန်ထိ အကြောင်းပြချက်သေချာမသိရဘဲ တစ်ဖက်သတ်လမ်းခွဲခံခဲ့ရတဲ့ ဆုအိမ်စံကာ ပရိတ်သတ်တွေရှေ့ရော မီဒီယာတွေရဲ့ အင်တာဗျူးတွေပါရှောင်ပြီး တစ်ကိုယ်တည်း ဖြေသိမ့်ခဲ့ရပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ fbမှာ သူမရဲ့ အင်တာဗျူးလေးကိုshareလုပ်ထားပြီး”အမှန်တရားအတိုင်းဖြေရှင်းထားတာဖြစ်ပါတယ်… FB Engaged Relationship မှာ ဆုဆုတဖက်တည်းရှိနေတာ သူဆီကတဖက်သတ်လမ်းခွဲကြောင်းကြေညာပြီးနောက်မှာ သူBlock သွားလို့ပါ… ဆုဆုကိုနားလည်စာနာပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် ” ဟုရေးတင်ထားခဲ့ပါတယ်။

ဆုအိမ်စံတစ်ယောက် အင်တာဗျူးမှာ သူမကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့ မိဘတွေအတွက် စိတ်မကောင့းဖြစ်ကာ မျက်ရည်ကျခဲ့ရပါတယ်။ ပရိတ်သတ်များစွာကလည်း သူမဘက်ကရပ်တည်ပြီး အားပေးနှစ်သိမ့်လျက်ရှိပြီး ဆုအိမ်စံကတော့ သူမရဲ့ ဂုဏိသိက္ခာ ၊ မိဘတွေ လူကြားထဲမျက်နှာပြရဲဖို့အရေး တရားဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။
Source Hsu eaint san