မြန်​မာအစားအစာ​တွေကို promoteလုပ်​ကာထည့်​သွင်းပြသထားတဲ့ ” ထာဝရ​နှောင်​ကြိုး ” ဇာတ်​ကားကြီး – Myanmar Hot News
7th June 2023

မြန်​မာအစားအစာ​တွေကို promoteလုပ်​ကာထည့်​သွင်းပြသထားတဲ့ ” ထာဝရ​နှောင်​ကြိုး ” ဇာတ်​ကားကြီး

အရည်​အ​သွေးပြည့်​မှီတဲ့ ရုပ်​ရှင်​ဇာတ်​ကား​ကောင်းများနဲ့ မြန်​မာ့အနုပညာ​လောကကို တစ်​ဆင့်​မြင့်​​စေသူ​တွေဖြစ်​ကြတဲ့ ခီ​မောင်​နှံ ကိုပရိတ်​သတ်​​တွေသိကြမှာပါ။ ဝါသနာတူ အကျင့်​တူ ဇနီး​မောင်​နှံ နှစ်​​ယောက်​ဟာ တူညီတဲ့ ရည်​မှန်းချက်​တစ်​ခုတည်းကို ဦးတည်​​လျှောက်​လှမ်း​နေတာ ဖြစ်​ပြီ ပရိတ်​သတ်​အားကျရတဲ့ စုံတွဲ​လေးဘဲဖြစ်​ပါတယ်​။

အနုပညာအ​ပေါ်စိတ်​နှစ်​ပြီး ဖန်​တီး​လေ့ရှိသလို သူတို့ရဲ့ ဇာတ်​ကားမှန်​သမျှဟာလည်း ပရိတ်​သတ်​များရဲ့ အား​ပေးမှုကိုအပြည့်​အဝရရှိခဲ့တာဘဲဖြစ်​ပါတယ်​။
အခုတစ်​ခါမှာလည်း Now & Ever “ထာဝရ​နှောင်​ကြိုး “ဇာတ်​ကားကိုရုံတင်​ပြသ​တော့မှဖြစ်​ပြီး အ​ရှေ့မှာထွက်​ရှိခဲ့တဲ့ ” မုဒြာ​ခေါ်သံ ” ပြီး​နောက်​ ၁နှစ်​နဲ့ ၇လကြာမှ ထွက်​ရှိ တဲ့ဇာတ်​ကားဖြစ်​ပြီး ပရိတ့သတ်​​တွေ များစွာ​မျော်​လင့်​​နေရတာဘဲဖြစ်​ပါတယ်​။

ယင်းဇာတ်​ကား​လေးမှာ မြန်​မာအစားအစာ​တွေကိုသ​ရေယိုစဖွယ်​ ထည့်​သွင်းရိုက်​ပြထားပြီး promoteလုပ်​ထားတာဘဲဖြစ်​ပါတယ်​။ food stylist ​နဲ့​သေချာပြင်​ဆင်​ကာ နန်းကြီးသုတ်​၊မုန့်​ဟင်းခါး ထမင်း​ကြော်​နဲ့အခြား သ​ရေကျဖွယ်​ မြန်​မာ့အစားအစာ​တွေကိုရိုက်​ပြထားခဲ့ပါတယ်​။ ဒါရိုက်​တာခရစ္စတီးနားခီက​တော့ ကိုရိးယားကား​တွေက ကင်​မ်​ချီကို မြိန်​​ရေရှက်​​ရေ စားပြသလိုဘဲ တခြားနိုင်​ငံ​တွေမှာပြသရင်​ မြန်​မာအစားအစားအ​ပေါ် စိတ်​ဝင်​စားမှုရှိလာ​အောင်​ ထည့်​သွင်းရိုက်​ပြထားခဲ့တာဖြစ်​ပါတယ်​ဟုသိရပါတယ်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *