28th October 2020

၁၉၈၀ လောက်ကပုံစံမျိုး ပြန်လည်မြင်တွေ့ရမယ့် မြတ်သူသူ

အနုပညာနဲ့ပတ်သက်လာရင် အရာအားလုံးပြောင်းလဲပြင်ဆင်ဖို့အသင့်ရှိသူလေး မြန်သူသူကတော့ ရရှိလာတဲ့အခွင့်အရေးကိုအကောင်းဆုံးကြိုးစားလေ့လာသင်ယူရင်း ရရှိလာတဲ့ သူရဲ့အနုပညာဝမ်းစာတွေကို ပရိသတ်တွေကိုချပြနေတာပဲဖြစ်ပါတယ်။

အခုအခါမှာတော့၁၉၈၀ခန့်က မြန်သန်းနု အမျိုးသမီးလေးအဖြစ်ထပ်မံတွေ့ရှိရမှာဖြစ်ပြီး ပြင်ဆင်မှုအပိုင်းမှာလဲလစ်ဟာမှုမရှိအောင် အကောင်းဆုံးကြိုးစားပြင်ဆင်နေတာပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းလေးထဲမှာတော့ သူမရဲ့အနုပညာချပြချက်တွေကဘယ်လောက်တောင် စိတ်ဝင်စရာကောင်းလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

အနုပညာအတွက်ဆို သူမရဲ့နာမည်ကိုတောင်ပြောင်လဲပြင်ဆင်ဖို့ဝန်မလေးဘဲ ပြင်ဆင်ခဲ့ပါတယ်။အာ့လောက်ထိအနုပညာနဲ့ပတ်သက်ရင် စွန့်လွှတ်ရဲတဲ့သူလေးပါ။သူမရဲ့ အကောင်းဆုံးတင်ပြ မှုတွေကိုမကြာခင်မှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photo Source ;Myat Thu Thu

Leave a Reply

Your email address will not be published. Required fields are marked *