
သာယာနာပျော်ဖွယ်အသံနဲ့ ရင်အေးစေသူခင်ပိုးပန်းချီကို ပ၇ိတ်သတ်တွေသိကြမှာပါ။ မြန်မာသံစဉ်သီချင်းကြီးတွေနဲ့ ဓမ္မတေးများကို သီဆိုလေ့ရှိပြီး သူရဲ့ တည်ကြည် ပြတ်ရှင်းတဲ့ အသံက နားဆင်သူကို စိတ်နှုတ်နလုံးချမ်းမြေ့စေတာအမှန်ပါ။


ဒီနေ့မှာတော့ ခင်ပိုးပန်းချီ လေးက သူမရဲ့ လုပ်အားခလေးနဲ့ ရလာတဲ့ ပိုက်ဆံလေးကို ဆုကာ အမေဖြစ်သူအတွက် နားကပ်လေးတစ်ရံ ကန်တော့ခဲ့ ပါတယ်။
.”ပိုက်ဆံတွေဘယ်လောက်ဘဲရရ သူအတွက်ကို ဘယ်တော့မှ မစဉ်းစားတဲ့မေကြီး သမီးရဲ့ ဖြူစင်သန့်ရှင်းတဲ့ အနုပညာလုပ်အားခလေးနဲ့ မေကြီးကို နားကပ်လေးတစ်ရံ နဲ့ ကန်တော့ဖြစ်ပါတယ် မေကြီး စိတ်ပျော်ရွှင် အေးချမ်းပါစေ သမီးတို့ညီအမနဲ့ သေတစ်ပန်သက်တစ်ဆုံး နေသွားနိုင်ပါစေလို့
သမီးဆုတောင်းပေးပါတယ် မေကြီး

အမိုးကြီး ပျော်နေသည်”ဟုဆိုကာ သူမရဲ့ fb pageမှာ တင်ထားခဲ့ပါတယ်။.မိဘပေါ်သိတတ်တဲ့ သမီးလိမ္မာလေးဖြစ်တဲ့ ခင်ပိုးပန်းချီ လေး အခုထက်ပိုပြီးအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

Source Khin poe panchi