ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်၁၀၀ ပြည့် ပြက္ခဒိန်အတွက် အတူ ရိုက်ကူးပုံဖော်နေတဲ့ နေတိုးနဲ့ ပိုင်ဖြိုးသု – Myanmar Hot News
1st April 2023

ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်၁၀၀ ပြည့် ပြက္ခဒိန်အတွက် အတူ ရိုက်ကူးပုံဖော်နေတဲ့ နေတိုးနဲ့ ပိုင်ဖြိုးသု

နေတိုးနဲ့ပိုင်ဖြိုးသုတို့ကတော့ အနုပညာလောကရဲ့ ကြယ်ပွင့်တွေဖြစ်သလို တိုင်းသိပြည်သိရုံသာမက နိုင်ငံကျော် အနုပညာရှင်တွေပဲဖြစ်ပါတယ်။သူတို့နှစ်ဦးအတူရိုက်ကူးပုံဖော်နေတာကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်၁၀၀ ပြည့် ပြက္ခဒိန်မှာဆိုရင် အတွဲညီညီတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ပြက္ခဒိန်ရဲ့ အခြေခံကိုတော့ ၁၉၂၀-၁၉၄၅ လောက်ကပုံစံကိုအဓိကအခြေခံထားပြီးရိုက်ကူးနေတာပဲဖြစ်ပါတယ်။ထိုသို့အခြေခံထားတဲ့ ကာလနဲ့ လိုက်လျောညီထွေအောင် အတိအကျကြီးမဟုတ်ပေမယ့်လဲ အနီးစပ်ဆုံးဖြစ်အောင် နောက်ခံအပိုင်းကအစ သေချာစီစစ်ပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

အနုပညာကြယ်ပွင့်နှစ်ဦးရဲ့ လိုက်ဖက်ညီအောင် ဘယ်လိုများ အပေးအယူမျှမျှ ရိုက်ကူးထားလဲဆိုတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ငွေရတုခေတ်က ပုံရိပ်ကလေးတွေကိုပရိသတ်တွေအနေနဲ့ ကြိုတင်ခံစားကြည့်ရှုလို့ရအောင် အခုလိုမျှဝေပေးလိုက်ပါတယ်။

Photo Source ; Min Thet Saen

Leave a Reply

Your email address will not be published. Required fields are marked *