သီလရှင်ဝတ်အလှူ ပြုလုပ်ခဲ့တဲ့ မိုးအောင်ရင်ရဲ့မိခင် – Myanmar Hot News
2nd June 2023

သီလရှင်ဝတ်အလှူ ပြုလုပ်ခဲ့တဲ့ မိုးအောင်ရင်ရဲ့မိခင်

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ မိခင်ဒေါ်မိုးသဉ္ဇာကတော့ အောက်တိုဘာလ ၂၅ရက်နေမှာတော့ သီလရှင်ဝတ်ကာအလှူအတန်းများပြုလုပ်ခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့ အလှူလုပ်ချင်တဲ့ ဆန္ဒကို သားဖြစ်သူတစ်ယောက်အနေနဲ့ ဖြည့်စည်းပေးခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

သီလရှင်ဒေါ်မိုးသဉ္ဇာ ရဲ့ ဘွဲ့နာမည်ကတော့ ဒေါ်သိပ္ပဉာဏီဖြစ်ခံယူထားပါတယ်။သီလရှင်ဝတ်အလှူပြုလုပ်ပွဲကိုတော့ အောက်တိုဘာလ ၂၅ရက်နေ့ ညနေ၅နာရီမှာ ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်မှာ ပြုလုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ခမ်းနားကြီးကျယ်မှုတွေမပါဝင်ဘဲ ရိုးရှင်းလှတဲ့ အလှူလေးတစ်ခုဖြစ်ပါတယ်။

ထိုအလှူပွဲလေးမှာတော့ မိသားစုသုံးယောက်ကို သိုက်သိုက်ဝန်းဝန်းတွေ့မြင်ရမှာဖြစ်ပြီး အနုပညာမောင်နှမအားလုံးကိုဖိတ်ကြားထားခြင်းမရှိပဲ အလှူပွဲလေးကိုကြားသိတဲ့ မိတ်ဆွေတစ်ချို့နဲ့ မီဒီယာအနည်းငယ်သာလာရောက်ကြပြီး အကျဉ်းချုပ်ကာပြုလုပ်ခဲ့တဲ့ အလှူပွဲလေးလဲဖြစ်ပါတယ်။

Photo Source; Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *