
အကူအညီလိုအပ်လာလျှင်ကိုယ်တက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကူညီဖို့ အစွမ်းကုန် တည်ရှိနေတဲ့ အိစိကွေးကတော့အခုအခါမှာလဲ တကယ့်ကိုအကူအညီလိုအပ်နေတဲ့ မင်းသမီးကြီးဒေါ်ခင်မေသက်ဆီအလှူပစ္စည်းများဖြင့်သွားရောက်ကန်တော့ခဲ့ကြပါတယ်။

ငယ်စဉ်ကအနုပညာလောကထဲကိုဝင်ရောက်ခဲ့စဉ်အချိန်မှာ အမေနဲ့အတူတူတွဲရိုက်ခဲ့စဉ်အမှတ်တရတွေကိုပြောပြရင်း ငယ်ဘဝကအမှတ်တွေကို မှတ်မိစေကာ ပျော်ရွှင်စွာပြုံးနေတဲ့အမေ့ကိုမြင်ရတော့ စိတ်ချမ်းသာမိစေခဲ့ပါတယ်။


ထိုသို့သွားရောက်လှူဒါန်းခဲ့ကာ အမှတ်တရတွေပြောကြရင်း အမေဒေါ်ခင်မေသက် ကျမ်းမာရေးအမြန်ဆုံးကောင်းမွန်လာပြီး အနုပညာအလုပ်တွေလဲပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photo Source ;Eisi Kway