
ပရဟိတ မင်းသမီးလေး အဖြစ်နဲ့ပရိတ်သတ်တွေသိကြတဲ့ ခိုင်နှင်းဝေရဲ့ လိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်ဝင်ရောက် ကူညီတတ်သူ စိတ်သဘောထားဖြူစင်သူဆိုတာအထူးပြောစရာမလိုပါဘူးနော်။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ ကလေးတွေကို မိခင်ရင်းပမာ ပြုစု စောင့်ရှောက်နေတာဘဲဖြစ်ပါတယ်။

အစဉ်အမြဲ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတတ်လေ့ရှိပြီး သူမရဲ့ မေတ္တာ တရားကြီးမားပုံကို ပရိတ်သတ်တွေက အသိအမှတ်ပြုကာ လေးစားရသးဘဲဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ ရုပ်ရှင်အကြိုပွဲလေးမှာ ခိုင်နှင်းဝေက သူမရဲ့ ကလေးတွေကိုခေါ်လာကာ အနုပညာရှင်တွေကြားပွဲထုတ်ခဲ့ပါတယ်။ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေကိုအားလုံးကဝိုင်ချစ်လို့အတော်လေးကျေနပ်ပီတီဖြစ်ရကြောင်းကို သူမရဲ့ fbမှာပြန်ပြောပြထားပါတယ်။

“ကျမ ချစ်တဲ့ အနုပညာ မောင်နှမတွေ က ကျမ သားသမီးလေးတွေကို ချစ်နေကြတဲ့ မြင်ကွင်းက ကျမ အတွက် စကားလုံးရှာမရနိုင်အောင်ကို ပီတိဖြစ်လိုက်တာပထမဆုံး အကြိမ် ကလေးတွေ နဲ့ ပွဲတက်တဲ့အချိန် အဆင်ရောပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်ခဲ့ရတာတွေက အခုလိုလေးတွေ မြင်ရတော့ ကျမလေ ပြုံး နေမိတာ ညဘက်အိပ်တဲ့အချိန်ထိကို ပင်ပန်းရကောင်းမှန်းမသိ ကြည်နူးမှုတွေနဲ့ ပြည့်နေခဲ့ရတယ်

ကျမ သားသမီးတွေ ကို ချစ်ပေးကြတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် “ဟုဆိုကာ အမှတ်တရပုံလေးတွေနဲ့တင်လာခဲ့ပါတယ်။
ခိုင်နှင်းဝေရဲ့ ကလေးလေးတွေကလည်း ချစ်မွှေးပါလို့အားလုံးကဝိုင်းချစ်နေကြတာနော်။ခိုင်းနှင်းဝေနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ကလေးတွေရဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။
Source Khine Hnin wai