
ပရိတ်သတ်တွေအားပေးမှုကိုအပြည့်အဝရရှိထားတဲ့အဆိုတော်ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင်ရင်း သမီးလေး မြမိုးဂဂါင်္နဲ့ နှစ်ယောက်အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ချမ်းချမ်းဟာနယ်ပွဲတွေနဲ့ ပွဲတက်တွေကို မအားလပ်နိုင်အောင်လုပ်နေရပြီး သမီးလေးအတွက် ကြိုးစားနေသူလည်းဖြစ်ပါတယ်။

မကြာသေးခင်က သူမရဲ့နှစ်ရှည်လများကြိုးစားခဲ့ရတဲ့ အိမ်ကြီးဟာဆောက်လုပ်ပြီးစီးခဲ့ပြီးဝမ်းသာခဲ့ရကြောင်းလည်းပရိတ်သတ်တွေကိုဝေမျှထားပါသေးတယ်။ ချမ်းချမ်းက လက်ရှိအချိနိထိကို တစ်ကိုယ်တည်းရပ်တည်ကြီး သမီးလေးနဲ့အတူတူ ဘဝကိုဖြတ်သန်းနေတာဘဲဖြစ်ပါတယ်။

ချမ်းချမ်းဟာ အိမ်ထောင်ရေးကိစ္စနဲ့ ပရိတ်သတ်တွေရဲ့ မကောင်းပြောတိုက်ခိုက်တာတွေ ခံစားရလျက်ရှိပြီး သူမအနေနဲ့တော့ ဘယ်လို စိတ်ထဲမရှိကြောင်းပြာလာပါတယ်” အမကအရင်ကတော့ ကိုယ့်အတွက်ကိုမကြည့်ဘူး သူတို့အတွက်ဘဲရှင်သန်ခဲ့တယ် အခုတော့ ကိုယ့်ကိုကိုယ် လှအောင်နေတယ် ယောကျားတွေက ထက်မြက်ပြီးသိပ်တော်တဲ့ မိန်းကလေးကျ မကြိုက်ကြဘူး ထင်တယ် သူများတွေမကောင်းပြောလည်း အသိတွေပြန်ပြောပြမှသိတာ အမစိတ်လည်းမဝင်စားဘူး တစ်ခါကကန်ဘောင်မှာ ကိုယ့်ဘာသာလေ့ကျင်ခန့်းလုပ်နေတာတောင်တံတွေးနဲ့ထွေးတာ ခံရဖူးတယ် အဲ့တုန်းကတော့ကြောင်သွားတယ် အမကတော့ မတုံ့ပြန်လိုက်ဘူး သူများတွေရှိနေတော့သိမှာဘဲ ဘယ်သူကအောက်တန်းကျလည်းဆိုတာ လူကအပင်မြင့်မှလေတိုက်တာလေ သူတို့ဝေဖန်လေ ကိုယ့်သတင်းတွေပိုတက်လေဘဲမဟုတ်မမှန်တာဆို ပိုပြောတယ် ဟုတ်တယ်မှန်တယ်သတင်းက သိပ်မထွက်လာဘူး” ဟု သူမရဲ့ အမြင်ကိုပြာသွားပညတယ်။

ချမ်းချမ်းကတော့ ကောလဟာလတွေနဲ့ တိုက်ခိုက်မှုဒဏ်တွေကိုကြံကြံခံပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ အနုပညာရှင်ပါဘဲ။

Source cele yatkwat