
ပရိတ်သတ်တွေ အပြတ်အသတ်ကိုအားပေးရပြီးယနေ့အချိန်ထိကို လူငယ်ပရိတ်သတ် အခိုင်အမာရှိသေးတဲ့ Rဇာနည်ဟာ အနုပညာ အလုပ်တွေကို အရင်ကအတိုင်းဘဲ ပရိတ်သတ်တွေအတွက် ကြိုးစားလုပ်ကိုင်နေတုန်းပါဘဲ။


ပရိတ်သတ်တွေချစ်တဲ့ Rကြီးကတော့ R ဇာနည်ရယ်လို့ အရမ်းမအောင်မြင်သေးခင် အချိန် တည်းက ၀မ်းနဲ့ လက်ထပ်ထားခဲ့တာပါ။အိမ်ထောင်ကျရင် နာမည်ကျတယ်ဆိုတဲ့ အယူအဆ အမှားတွေကို တွန်း လှန်ပြသနိုင်ခဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပိုပြီးတော့တောင် အောင်မြင်လာတဲ့အဆိုတော် တစ်ေ ယာက်လည်းဖြစ်ပါတယ်။သားချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပျော်စရာ မိသားစုလေးပါ။

ဒီနေ့မှာတော့ အာဇာနည်က ” ဒီနေ့ခိုးတာ မရလို့ နောက်နေ့မှ ရတော့ ခုဆို ကလေးတွေပါရလို့ (၁၆နှစ်) ပြည့်ခဲ့ပြီ ချစ်တယ်နော် မိန်းမ (၂၇.၁၀.၂၀၁၉ ) ” ဆိုပြီး ကြင်စဦးက အချိန်လေးတွေကိုပြန်ပြောင်းအောက်မေ့ကာ ချစ်ဇနီးဝမ်း အိပ်ပျော်နေတဲ့ ပုံရိပ်လေးနဲ့အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက်တွေအကြာကြီးရှိနေပေမယ့် အခုချိန်ထိ ဂရုစိုက်ကြင်နာနေဆဲမို့ ဝမ်းကတော့ကံကောင်းတဲ့ အမျိုးသမီး ပါဘဲနော်။

Source Zarni Myonyunt