
တစ်ချိန်က ဆံပင်အရှည်လေးနဲ့ မျက်ဝန်းနက်နက်လေးနဲ့မို့ပရိတ်သတ်တွေအသည်းစွဲအားပေးခဲ့ရတဲ့ မင်းသမီး ချောလေးဆုပန်ထွာဟာ လက်ရှိမှာတော့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးတစ်ခုကိုပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။
ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ပရိတ်သတ်အခိုင်အမာနဲ့ ၇ပ်တည်နေတုန်းပါဘဲ။

ဆုပန်ထွာဟာ မကြာမီမှာကျရောက်တော့မယ့် မင်္ဂလာ နှစ်ပတ်လည်လေးကိုအောက်မ့သတိရကာ မင်္ဂဆောင်တုန်းက ပုံလေးတွေကိုတင်ထားခဲ့ပါတယ်။

“14.2.2015- – – – -> 2019 (၅ နှစ်ပြည့်တော့မယ်)2015 “Santa Monica Beach” မှာ မင်္ဂလာဆောင်ခဲ့တုန်းကပုံလေးတွေ။ ကိုယ် America ရောက်တော့ Ko Larry ML ဓါတ်ပုံရိုက်ဖို့လှမ်းပြောရင်း Chat Box ထဲမှာ မင်္ဂလာဆောင်တုန်းကပုံလေးတွေရိုက်ပေးထားပြီး၊အများကြီးပို့ထားတာတွေ့လို့ အမှတ်တရပြန်တင်ရင်း၊ ပုံတွေလည်းသိမ်းရင်းပေါ့” လို့ အမှတ်တရစကားဆိုလာခဲ့တာပါ။

ဥက္ကာကျော်နဲ့အတူ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Santa Monica Beach မှာ ရိုးရိုးရှင်းရှင်းလေး မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ဆုပန်ထွာတို့မိသားစုလေး မကြာခင်မှာ ရောက်ရှိလာတော့မယ့် (၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှစ၍နောင်နှစ်တစ်ရာထိပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source Supan htwar