
ပရိတ်သတ်တွေရဲ့ အားပေးမှု ကိုအပြည့်အဝရှိထားတဲ့ နေခြည်ဦး ဟာ beauty bloggerအဖြစ်နဲ့ နာမည်ကြီးရုံသာမက လက်ရှိမှာ မင်းသမီး တစ်လက်ဖြစ်နဲ့ပါရပ်တည်နေပြီဖြစ်ပါတယ်။
အရာရာကိုကြိုးစားလုပ်ကိုင်တတ်တဲ့နေခြည်ဟာ စီးပွားရေးဘက်မှာ ရော အောင်မြင်မှုတွေ ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နေခြည်ဟာတက်သစ်အောင်မြင်တဲ့မင်းသမီးချောလေးဖြစ်ပြီး သးမရဲ့ စီနီယာဖြစ်သူ ပရိတ်သတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးဝတ်မှုန်ရွှေရည်ရဲ့ ပရိတ်သတ်ပါလို့ဖွင့်ပြောလာပါတယ်။

မကြာသေးခင်ကလည်း Kanebo ရဲ့ The Exceptional Make up Base Pressအတွက် Bangkokကို နှစ်ယောက်တူတူ သွားကာ ပွဲတက်ခဲု့ကြပါတယ်။.တစ်ရင်းတစ်နှီးရှိကြတဲ့ သူတို့နှစ်ယောက်ကိုပရိတ်သတ်တွေက သဘောကျကြပါတယ်။

နေခြည်ကတော့ “မကစ်နဲ့ထပ်ဆုံချင်တာပေါ့ ဒီလောက်လှတာချစ်စရာလေးဘယ်ချိန်ကြည့်ကြည့်princressလေးလိုဘဲ မကစ်နဲ့ အမှတ်တရတွေကအများကြီးရှိတယ် ရန်သူဇာတ်ကားမှာလည်း စတွေ့ရတယ် ကိုယ်တိုင်လည်း သူ့ပရိတ်သတ်ဘဲ မကစ်ကကြည့်လိုက်ရင် အပြင်မှာလည်း မင်းသမီးလိုဘဲ သူ့အပြုအမူအပြောအဆိုတွေက ပရိတ်သတ်တွေလည်း နေခြည်တို့ကိုအနုပညာရှင်ညီအစ်မတွေအဖြစ်မြင်ပေးတာ ကျေးဇူးတင်ပါတယ်” ဟုပြောသွားပါတယ်။

Source MC