မြန်မာနိုင်ငံကို အလည်ရောက်နေပြီး မြန်မာစကားတွေကိုပါ သင်ယူလေ့လာနေတဲ့ Sinon Loreasca – Myanmar Hot News
2nd June 2023

မြန်မာနိုင်ငံကို အလည်ရောက်နေပြီး မြန်မာစကားတွေကိုပါ သင်ယူလေ့လာနေတဲ့ Sinon Loreasca

Sinon ကတော့ ကမ္ဘာလှည့်ခရီသည်တစ်ယောက်အနေနဲ့ ခရီးသွားနေတာဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေကာ အနေကြာနေပြီပဲဖြစ်ပါတယ်။သူအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့ သူတွေကိုလဲ သူတက်နိုင်တဲ့ ဘက်ကနေအကောင်းဆုံး ကြိုးစားကူညီပေးတာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေက မျက်စိကျနှစ်သက်နေတာပဲဖြစ်ပါတယ်။

သူရဲ့ တမူထူးခြားတဲ့ ၀တ်စားဆင်ယင်မှု Catwalk လမ်းလျှောက်မှုတွေကြောင့်လဲ နိုင်ငံအနှံ့အပြားမှာဆိုရင် Sinonကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အများစုလဲရှိနေပါတယ်။Sinon ကတော့ မြန်မာပြည်မှာနေထိုင်မှုကြာလာပြီး အနုပညာရှင်များနဲ့လဲ လက်တွဲကာ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ဖို့လဲရှိပါတယ်။

ဒါရိုက်တာကိုယ်ပေါက်ရိုက်ကူးတဲ့လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အကယ်ဒမီဆုရှင်များဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်ရမှာကြောင့် ပျော်ရွှင်နေပြီ ပရိသတ်တွေရဲ့နွေးထွေးမှုကြောင့်ပျော်ရွှင်ပီတိဖြစ်ရပြီး ပရိသတ်တွေနဲ့ ပိုမိုနွေးနွေးထွေးထွေးဆက်ဆံနိုင်ဖို့အတွက် မြန်မာစကားကိုလည်းသင်ကြားနေပြီဖြစ်ကြောင်းသိရပါတယ်။

Photo Source ; Sinon Loreasca

Leave a Reply

Your email address will not be published. Required fields are marked *