
Rock Star တွေပဲတွေ့မြင်ရမယ့်ညတစ်ညဖြစ်တဲ့ ” ဆေးပေါင်းခတဲ့ ည ” ပွဲကတော့ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြပွဲလေးပဲဖြစ်ပါတယ်။ ထိုပွဲမှာဆိုရင် ဂီတလောကထဲက Rock သီချင်းတွေကို ဖန်တီးချပြနေတဲ့ Rock Star တွေကို တစ်စုတစည်းထဲတွေ့မြင်ရမှာဖြစ်ပြီး သူတို့ရဲ့သီချင်းတွေကိုလဲ တစ်ဝကြီးနားထောင် ရမှာပဲဖြစ်ပါတယ်။


ထိုပွဲလေးမှာတော့ အရင်က Rock Star ဝါရင့်ကြီးတွေကိုတွေ့မြင်ရမှာဖြစ်သော်လည်း အခုအခါမှာတော့ ဂီတလောကရဲ့ အခြေချနေပြီဖြစ်တဲ့ Band တွေလဲပါဝင်လာမှာပဲဖြစ်ပါတယ်။ထိုBand တွေထဲမှာဆို Eternal Gosh Band လဲ ပါဝင်ပါတယ်။

Eternal Gosh Bandကတော့ Rock Music နဲ့ရပ်တည်နေတာကြာပြီဖြစ်သော်လည်း အ၇င်ကသူတို့ Band ကိုလူသိနည်းခဲ့ပြီး အတိုင်းအတာတစ်ခုကိုကျော်လွန်ခဲ့တဲ့ အချိန်မှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်လာခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာဆို သူတို့ရဲ့သီချင်းများကို အများဆုံး သီဆိုလာကြပါတယ်။ထို ဆေးပေါင်းခတဲ့ည ပွဲမှာလဲ ဘယ်လိုပုံစံမျိုးနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ စောင့်ကြည့်မျှော်လင့်နေရမှာပဲဖြစ်ပါတယ်။

Source;Cele Gabar
Photo Source; Eternal Gosh Band