ပရိသတ်တွေပေးတဲ့ ဖိနပ်ကလေးနဲ့ အင်္ကျီလေးကိုဝတ်ဆင်ကာ Night Out ထွက် ခဲ့တဲ့ နန်းဆုရတီစိုး – Myanmar Hot News
30th May 2023

ပရိသတ်တွေပေးတဲ့ ဖိနပ်ကလေးနဲ့ အင်္ကျီလေးကိုဝတ်ဆင်ကာ Night Out ထွက် ခဲ့တဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုး လေးကတော့ ပရိသတ်တွေကိုဦးစားပေး ဆက်ဆံတက်တဲ့ အနုပညာရှင်မလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာနဲ့ပတ်သက်လာရင်လည်း အကောင်းဆုံးကြိုးစားပြီး ပရိသတ်တွေကိုချပြနေတာပဲဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့သူမကတော့ အနုပညာတွေကိုလက်လွှတ်မခံဘဲ ဂီတဘက်မှာကော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေအကြိုက်တွေ့အောင်ခံစားချက်နဲ့အညီ ပြုလုပ်တက်တဲ့ အနုပညာရှင်လေးလဲဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်နေတက်ပြီး ချစ်ဖို့ကောင်းတဲ့ သူမကတော့ Yagon Night Life လေးကိုထိတွေ့ခဲ့ပါတယ်။

Night Out ထွက်ခဲ့တဲ့ နေ့ရက်လေးမှာတော့ပရိသတ်တွေ ပေးခဲ့တဲ့ အမှတ်တရလက်ဆောင်လေးတွေကိုဝတ်ဆင်ခဲ့ ပါတယ်။ဖိနပ်ကလေးနဲ့ သူမ ၀တ်ထားတဲ့ အင်္ကျီလေးကတော့ ပရိသတ်တွေဆီကနေ ရရှိခဲ့တာဖြစ်ပြီး ထိုအမှတ်တရပစ္စည်းလေးတွေကို ၀တ်ဆင်ထားတာလေးကိုကြည့်ခြင်း အားဖြင့် ပရိသတ်တွေကို ဘယ်လောက်အလေးထားလဲဆိုတာတွေ့ ရမှာပဲဖြစ်ပါတယ်။

Photo Source ;Nansu Yati Soe

Leave a Reply

Your email address will not be published. Required fields are marked *