
ပရိတ်သတ်ချစ်တဲ့မင်းသားချောနေတိုး ဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ကျော်ထိကိုရပ်တည်နေခဲ့ပေမယ့် အရင်တုန်းကအတိုင်းပင် နုပျို သွက်လက်နေတုန်းပါဘဲ။လက်ရှိအချိန်ထိကို တစ်ကိုယ်တည်းရပ်တည်နေပြီး အနုပညာအပေါ်ဘဲ စိတ်နှစ်ထားကာ ကြိုးစားနေသူဖြစ်ပါတယ်။နေတိုးရဲ့ ဇာတ်ကားများစွာဟာ ရုံတင်ထားလျင်ရှိပြီး သူရဲ့ ပရိတ်သတ်တွေကလည်း မပြတ်တမ်းအားပေးကြပါတယ်။

နေတိုးရဲ့ ဇာတ်ကားတိုင်းဟာလည်း ပရိတ်သတ်တွေဝက်ဝက်ကွဲအားပေးရပြီး လက်ရှိမှာလည်း ဇာတ်ကာယကောင်းလေးတစ်ကားထွက်ဖို့ရှိပါသေးတယ်။ယင်းဇာတ်ကားထဲက နေတိုးဟာ သတင်းထောက်တစ်ယောက်နဲ့ သရုပ်ဆောင်ထားပြီး ပရိတ်သတ်တွေကိုမတူညီတဲ့ရသပေးနိုင်မှာအသေအချာပါ။

Box No.88နဲ့ပတ်သတ်ပြီးနေတိုးက” အဲ့ကားလေးထဲမှာသတင်းထောက် တစ်ယောက် သတင်းထောက်ဆိုပေမယ့် သတင်းထောက်နဲ့ပတ်သတ်တာတွေကတော့သိပ်မပါဘူး အဓိကက ဘဝအတွက်ကြိုးစားနေပြီး အောင်မြင်လာတော့မယ့်အချိန်ကျမှ သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့ မိသားစု ဒရာမာသဘောလေးပါဘဲ ဌာနဆိုင်လိုအပ်ချက်တွေ ဥပဒေတွေနဲ့ ပတ်သတ်တာလေးတွေပါတယ် အူဝဲ၊ ထွန်းထွန်း၊ ကျွန်တော်တို့ကသေချာလေးသရုပ်ဆောင်ထားတယ်” ဟုပြောပြလာပါတယ်။

ဇာတ်ကားလေးကတော့ လတ်တလောဖြစ်ပျက်နေတဲ့ rape caseတွေနဲ့ ကလေးသူငယ် အကြမ်းဖက်မှုတွေကို ရှုတ်ချထားတဲ့ ကားလေးဘဲဖြစ်ပါတယ်။အောက်တိုဘာလ ၃၁ ရက်နေ့မှာ ” Box No.88″ဇာတ်ကားလေးဟာရုံတင်တော့မှာဖြစ်ပါတယ်။

Source sunday journal