
ဇာတ်လမ်းတွဲဖြင့် အောင်မြင်ကျော်ကြားလာသူမင်းသမီးခြူးလေး ခြူးလေးကတော့ လက်ရှိမှာတော့ ရုပ်ရှင် ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်လျက်ရှိနေပါပြီ။ခြူးလေးဟာ ယခု ၂၀၁၉နှစ်ပိုင်းတွေမှာမှ ယခင်ကထက်လူသိများလာကာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိလာသူပါ။ အနုပညာအပေါ် ရူးသွပ်လွနိးတဲ့ သူမကတော့ လက်ရှိမှာ အနုပညာဘက်ကိုဘဲ ဇောက်ချကာ အပတ်တကုပ်လုပ်ကိုင်နေပါတယ်။


မနေ့ကတော့ခြူးလေးက မင်းသားချော နေတိုးနဲ့အတူ photo shooting လေးတွေရိုက်ကူးနေပြီး နေတိုးနဲ့ ပတ်တသ်တဲ့ သူမရဲ့ သဘောထားလေးတွေကိုပြောပြလာပါတယ် ခြူးလေးက” ကိုနေတိုးနဲ့ကအရင်ကလည်း TVCတွေမှာဆုံဖူးတယ် အခုလည်း နိယာမအလွန် ရုပ်ရှင်ဇာတ်ကားကြီးမှာတူတူ သရုပ်ဆောင်နေတယ် အရင်ကတည်းက ကြိုက်ရတဲ့Idolပါ ဓာတ်ပုံလေး အတူတူ ရိုက်ဖို့တောင်အားနာတယ်သူနားနေချိန်အနောက်အယှက်ဖြစ်မှာဆိုးလို့ အာ့ကြောင့်လည်း ပုံတွေ သိပ်မတက်လာတာပါ ကိုယ်ငယ်ငယ်ကတည်းကြိုက်ခဲ့ရတယ် ကိုနေတိုးကအရမ်းလည်း အလုပ်အပေါ်စေတနာထားတယ် အကြံဥာဏ်တွေပေးတယ် အစကတည်းကပြောစရာမရှိအောင်အကုန်လုံးကောင်ူတဲ့သူပါ” ဟုပြောပြလာပါတယ်

ခြူးလေးကတော့ မင်းသားချောနေတိုးရဲ့ အနုပညာ ကို တန်ဖိုးထားအားပေးနေသူတစ်ယောက်ပါဘဲနော်။ခြူးလေးနဲ့ နေတိုးတို့ရဲ့ ပုံလေးတွေလည်း မကြာခင်ပရိတ်သတ်တွေတွေ့ရတော့မှာဖြစ်ပါတယ်။

Source Sunday Journal