
ဇဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံး အနုပညာရှင်စုံတွဲပါ။ဝါသနာတူ၊အကြိုက် တူ တဲ့ သူတို့ ဇနီးမောင်နှံ ကတော့ ပရိသတ်အတွက် စဉ်းစားပေးတတ်တဲ့ အနုပညာကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ စိတ် တွေ က အစ အကုန်တူနေကြတဲ့ တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလေးပါ။နှစ်ယောက်သား တစ်ယောက် အပေါ် တစ်ယောက် အပြန်အလှန်ယုံကြည်လေးစားမှု ရှိတာကိုလည်း သူတို့ရဲ့ နေပုံထိုင်ပုံ၊စကားပြောပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။

သူတို့ရဲ့ ဇာတ်ကားတွေကလည်း ပရိသတ် အားပေးမှုကို အပြည့်အဝရရှိထားပြီး အောက်တိုဘာလာ ၃၁ ရက်နေ့လေးမှာလည်း သူတို့ရဲ့ တတိယမြောက်ဇာတ်ကားလေးဖြစ်တဲ့ ” ထာဝရနှောင်ကြိုး” ဇာတ်ကားလေးဟာရုံတင်တော့မှာဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခရစ္စတီးနားခီ က ကိုယ်တိုင်ကိုယ်ကျ အိမ်ချက်မုန်ဟင်းခါးခေးကိုခင်ပွန်းဖြစ်သူအတွက် ချက်ပြုတ်ပေးနေတာဖြစ်ပါတယ်။ဇဏ်ခီကလည်း”မနက်ဖြန်ရုပ်ရှင်ပြပြီဆိုတော့ ကြောက်ကြောက်နဲ့ အိမ်ဦးနတ်အတွက် မွင်းခါးတွေချက်နေလေရဲ့..”ဟုဆိုကာ ချစ်ဇနီးလေးကိုနောက်ပြောင်ထားလေရဲ့..

သူတို့နှစ်ယောက်ရဲ့ နေထိုင်မှု၊ဘဝကိုဖြတ်သန်းနေမှုလေးတွေက တကယ်ကို ပရိတ်တသ်တွေအားကျစရာကောင်းလောက်အောင်လိုက်ဖက်လွန်းပါတယ်။

Source Zenn kyi