
သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူတို့ရဲ့ သားလေးဟာ ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရက် ၁၀၀ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ပိုးအိအိခန့်ကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးကို ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။


သရုပ်ဆောင် ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားဦးလေးရဲ့ ရက်(၁၀၀) ပြည့် မွေးနေ့အလှူကို ဒီနေ့(အောက်တိုဘာ၃၀ရက်)နံနက်ပိုင်းက (၈)မိုင်မှာရှိတဲ့ ပေါက်စေတီကျော င်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ သားလေးရဲ့ မွေးနေ့အလှူကို အနုပညာအသိုင်းအဝိုင်းက သူတွေများစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အိမ်ထောင်သက်တမ်း လေးက ၁နှစ်ကျော်သွားခဲ့ပါပြီ။.ပရိတ်သတ်တွေအတွက် သားလေးသွင်းဦးဟန်ရဲ့ ၇က်တစ်ရာပြည့်မှာ ပျော်ရွှင်စွာလှူဒါန်းကျွေးမွေးခဲ့ကြတဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။

Source myanmar online news