
မော်ဒယ်လောကကသရုပ်ဆောင်ဘက်ကိုကူးပြောင်းလာတဲ့ မင်းသားချောခါရာဟာ လက်ရှိမှာတော့ ပရိတ်သတ်အမြောက်အများနဲ့အောင်မြင်နေသူဘဲဖြစ်ပါတယ်။ သူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ကိုရီးယားမင်းသားလို ချောမော ပြေပြစ်မှုက တော်ရုံမိန်းကလေးတွေ မကြွေဘဲမနေနိုင်ပါဘူး။


လက်ရှိမှာလည်း “လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ရဲတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ထပ်မံပါဝင်ရိုက်ကူးထားပါသေးတယ်။အချစ်ဇာတ်ကားဖ်ြတဲ့ “love equation”ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်နေပြီး ခါရာက သူ့ရဲ့ ကာရိုက်ရွေးချာယ်ရိုက်ကူးဖြစ်တာတွေကိုပြောပြလာပါတယ်။”ကျွန်တော်ကိုလာကမ်းလှမ်းရင်သေချာရွေးတယ် ကျွန်တော်နဲ့လိုက်လားသေချာကြည့်တယ် ကျွန်တော် လုပ်သမျှကကျွန်တော့သမိုင်းဖြစ်သွားမှာ တစ်ချိန်မှာပြန်ကြည့်ရင်နောင်တမရချင်ဘူး” ဟုပြောပြလာပါတယ်။

ခါရာကတော့ တကယ့်ကိုလေးစားစရာစိတ်ဓာတ်ရှိတဲ့ အနုပညာရှင်တစ်ယောက် ပါဘဲ။

Source 8days tv