
မော်ဒယ်လောကရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလို့ခေါ်ဆိုလို့ရတဲ့ တင်မိုးလွင်ကတော့ အခုချိန်ထိ ငယ်ရွယ်လှပနုပျိုဆဲဖြစ်ပြီး တက်သစ်စ လူငယ်များနဲ့ယှဉ်ရင်တောင် သူမကပိုပြီး နုပျိုနေပါတယ်။သူမကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ မော်ဒယ် အလုပ်နဲ့ အစီအစဉ်တင်ဆက်သူ လုပ်ငန်းကိုဦးစားပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။


ရာစုနှစ်တစ်ခုအထိ မော်ဒယ်လောကကိုစိုးမိုးထားပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ မော်ဒယ် Trainer တစ်ဦးအနေနဲ့ ရပ်တည်နေတာဖြစ်ပြီး သူမရဲ့ သင်ကြားပို့ချမှုတွေကလဲ စီစစ်တာကြောင့် သင်ကြားမှုဦးရေကလဲ အမြဲတမ်းတိုးနေဆဲ ဖြစ်ပါတယ်။အခုမှာတော့ အချိန်အတိုင်းအတာအချိန်တစ်ခုကိုရောက်ရှိနေသော်လည်း ငယ်ရွယ်နုပျိုနေဆဲဖြစ်ပါတယ်။

အနီရောင်ဝတ်စုံလေးနဲ့ ဓါတ်ပုံလေးတွေထဲမှာတော့ သူမရဲ့ ငယ်ရွယ်နုပျိုမှုကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အလှအပတွေသိုဝှက်သိမ်းစည်းထားတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို ကူယူးကာ ပရိသတ်တွေကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photo Source ; Tin Moe Lwin