
သုံးပန်လှကျိန်စာဇာတ်ကကြီးထဲမှာတော့ အချိန်ကာလမတူညီတဲ့ ခေတ်ကာလ သုံးခုကို မတူညီတဲ့ပုံစံအနေအထားများနဲ့တွေ့ရှိရမှာဖြစ်တဲ့အပြင် ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့မှုများကလည်း သေသပ်ခိုင်မာစွာဖွဲ့စည်းထားတာကြောင့် မျှော်လင့်ထားတာထက်ပိုမိုကျော်လွန်ပြီးတွေ့မြင်ရမလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။


ထိုရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကခေတ်တစ်ခေတ်ဖြစ်တဲ့ ကိုလိုနီခေတ်က မိန်းမပျိုလေးတစ်ယောက်အနေနဲ့လည်း အဓိကအမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ စိုးပြည့်သဇင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက် ဒါရိုက်တာပြီးရင် သရုပ်ဆောင်များက ဇာတ်ကားတစ်ကားရဲ့ မရှိမဖြစ် အဓိကအရေးအပါဆုံးပါ။

စိုးပြည့်သဇင်အနေနဲ့ ထိုကားကြီးအတွက် အဝတ်အစားအပြင်အဆင်ကအစ လစ်ဟာမှုမရှိအောင် ပြင်ဆင်ထားတာဖြစ်ပြီး ကိုလိုနီခေတ်အတွက် ထိုခေတ်ကအဝတ်အစားအပြင်အဆင်နဲ့ လိုက်လျော ညီထွေအောင် သေသပ်စီစစ်ပြီးပြင်ဆင်ထားတာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ လောလောဆယ် ထိုကားကြီးနဲ့ပတ်သက်ပြီး မြစ်ကြီးနားကြိရောက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Source; Soe Paye Thazin