
ပရိတ်သတ်တွေ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ် ဟာ ကျရာဇာတ်ရုပ်မှာလိုက်ဖက်မှုရှိအောင် အပြီအပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့မင်းသမီးချောလေး ဖြစ်ပြီး

“ပန်းနုသွေး” ဇာတ်လမ်းဖြင့် ပရိတ်သတ်တွေရဲ့ သနားချစ်ခင်ခြင်းကို ရရှိထားပြီး ” ပုဂံမြို့သူ ” နဲ့ “အရိပ်” ဇာတ်လမ်းတွဲတွေဖြင့်လည်း ပရိတ်သတ်အခိုင်အမာရရှိထားသူဘဲ ဖြစ်ပါတယ်။မေမြင့်မိုရ်ကလက်ရှိမှာလည်းအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး ပရိတ်သတ်တွေနဲ့ အဆက်မပြတ်ရှိနေပါတယ်။

မကြာသေးခင်မှာလည်း သူမပါဝင်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည် “ဇာတ်ကားလေးဟာရုံတင်တော့မှာဖြ်းပါတယ်။ ဇာတ်ကားထဲမှာ အူဝဲနဲ့ မြင့်မြတ်တို့နဲ့အတူ သရုပ်ဆောင်ထားပြီး ဆေးထိုးမှားလို့ခြေမသန်တဲ့ကောင်မလေး မာလာ အဖြစ်နဲ့ပရိတ်သတ်တွေတွေ့ရမှာပါ။

မေမြင့်မိုရ် ကတော့ ယင်းဇာတ်ကားထဲက ကိုတိုးကြီး (မအူဝဲ)ကိုသဘောကျကြောင်းပြောလာပါတယ်” အမရှုတင်တွေမှာထိုင်နေရင်တကယ်ယောကျာ်းလိုဘဲ အပြင်မှာကလှတယ် ဒါပေမယ့် ကိုတိုကြီးလိုသရုပ်ဆောင်တာ တကယ်ကိုမိန်းကလေးလိုမမြင်တော့ဘူး ကိုယ်တောင်ကြွေသွားတယ်” ဟုပြောပြလာပါတယ်။ အူဝဲကတော့ယင်းဇာတ်ကားထဲမှာ ကိုတိုကြီးအဖြစ်နဲ့ကျားကျားယားယား ပုံစံကို သရုပ်ဆောင်ထားတာဘဲဖြစ်ပါတယ်။
Source Cele yatkwat