
ကျော်ဆုကတော့ ဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင် ဇာတ်ဆောင်တစ်ဦးအဖြစ်တည်ရှိနေတာဖြစ်ပြီး သူရဲ့ ဇာတ်ကောင်နဲ့လိုက်အောင် သရုပ်ဆောင်နိုင်တဲ့ ထူးခြားနေတဲ့အရည်အချင်းတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့အထိ အောင်မြင်မှုတွေကိုရရှိထားတာပဲဖြစ်ပါတယ်။

Legend of warriors ဇာတ်ကားကြီးထဲမှာတော့ သူသရုပ်ဆောင်လောကထဲကိုစတင်ဝင်ရောက်လာကတည်းက သရုပ်ဆောင်ချင်တဲ့ဇာတ်ရုပ်ကို ပရိသတ်တွေဆီသို့ ကြိုးစားချပြရတော့မှာပဲဖြစ်ပါတယ်။ အာ့အတွက်စိတ်လှုပ်ရှားနေပြီးဖြစ်ပြီး ကြိုတင်ပြင်ဆင်စရာတွေကိုလဲ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။


“Legend of warriors” တစစ်တမက် ကိုယ်နှင့်သက်ကို ရုပ်ရှင်ဇာတ်ကားကြီးကတော့ စစ်ကားကြီးတစ်ကားဖြစ်ပြီး သူဘဝရဲ့ပါဝင်သရုပ်ဆောင်ချပြချင်တဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် ကာရိုက်တာကိုယုံကြည့်စွာ တာဝန်ချပေးခဲ့တဲ့ သက်ဆိုင်သူအားလုံးကိုကျေးဇူးတင်စကားပြောခဲ့ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့လဲ သိရပါတယ်။

Photo Source ; Kyaw Su