ဝက်ခြံအပြည့်နဲ့ အရင်ကမျက်နှာကိုအရမ်းမုန်းခဲ့တယ်ဆိုတဲ့ စံရတီမိုးမြင့် – Myanmar Hot News
1st June 2023

ဝက်ခြံအပြည့်နဲ့ အရင်ကမျက်နှာကိုအရမ်းမုန်းခဲ့တယ်ဆိုတဲ့ စံရတီမိုးမြင့်

အရင်က ဝဝကစ်ကစ်လေးနဲ့ချစ်ဖို့ကောင်းပြီး စကားပြောရင် ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ စံရတီမိုးမြင့်လေးကတော့ အခုအခါမှာတော့ကျစ်လစ်လှပပြီး စမတ်ကျကျလှပနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အနုပညာလောကကိုစတင်ဝင်ရောက်ခဲ့စဉ်က မျက်နှာမှာဝက်ခြံတွေရှိတာကြောင့်အရမ်းစိတ်ညစ်ခဲ့ရပြီး ကမ်းလှမ်းလာတဲ့ ကြော်ငြာတွေ ဆို ကိုယ့်မျက်နှာနဲ့အဆင်မပြေတော့လက်မခံရတာတွေလဲရှိတယ်။တစ်ခါတလေ ဝက်ခြံတွေအရမ်းဆိုးလာရင် မိတ်ကပ်တွေအရမ်းဖုံးရတယ် တော်တော်အခြေအနေဆိုးလာရင် ရိုက်လက်စ ဇာတ်ကား‌တွေကို ခနရပ်လိုက်ရတာမျိုးရှိတာကြောင့်အရမ်းအားနာရတယ် စိတ်လဲညစ်ရတယ်။

အာ့အချိန်ကကိုယ့်မှာချစ်သူလဲရှိတာကြောင့် အတူတူတွေ့ရမှာတောင်ကြောက်တယ် တွေ့ဖြစ်ရင်တောင်အရမ်းလင်းတဲ့နေရာ နေ့ခင်းဘက် အချိန်နေရာတွေမရွေးဘူး ညနေစောင်းအချိန်လေးတွေ အချိန်မှတွေ့ဖြစ်တယ်။ကိုယ့်ချစ်သူကတော့ ပါးစပ်ကနေတော့ချစ်တယ်လို့ပဲပြောမှာပဲလေ ဘယ်သူမှ ဟာ…နင်ကတော့ရုပ်ဆိုးလိုက်တာ မိတ်ကပ်တွေအထူးကြီးပဲပြောမှာတော့မဟုဘူး‌လေ လို့လဲ ပြောပြထားပါတယ်။

အခုမျက်နှာလေးကိုအရမ်းသဘောကျတယ် အရင်က ဝနေတဲ့အခြေအနေပြန်ရောက်ရင်တောင်လက်ခံနိုင်တယ်အရင်က အာ့လိုဝက်ခြံအပြည့်နဲ့မျက်နှာကြီးကိုပြန်ရမယ်ဆိုရင်တော့ လုံးဝလက်ခံနိုင်မှာမဟုတ်ဘူး ပြန်လည်းမလိုချင်ဘူး ဒီအခြေအနေအလေးကိုပဲအရမ်းသဘောကျနေပြီလို့လဲသိရပါတယ်။

Photo Source ; San Yati Moe Myint

Leave a Reply

Your email address will not be published. Required fields are marked *