
ခြူးလေးကတော့ ပရိတ်သတ်တွေ နဲ့ ရင်းနှီးပြီးသား MRTV 4ရဲ့ မင်းသမီးလေး တစ်လက်ဆိုတာ သိကြမှာပါ။ ခြူးလေးဟာ ဇာတ်လမ်းတွဲတွေမှာေ အာင်မြင်မှုရထားတဲ့ မင်းသမီးတစ်အလက်ဖြစ်သလို ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးတစ်လက်ဘဲဖြစ်ပါတယ်။

ခြူးလေး မကြာခဏ Tiktok ဆော့တတ်ပြီး အနောက်အပြောင်လေးတွေနဲ့ ပျော်ပျော့နေတတ်သူပါ။ ခင်မင်တဲ့သူငယ်ချင်းအနုပညာရှင်တွေကို သူမနဲ့ဆုံတိုင်း Tik Tok ဆော့ဖို့တိုက်တွန်းတဲ့သူလေး ဖြစ်တဲ့အပြင် ပရိသတ်တွေကလည်း သူ့ရဲ့ Tik Tok တွေကို သဘောကျ အားပေးလေ့ရှိကြပါတယ်။ခြူးလေးက ရုပ်ရှင်ရိုက်လို့ဆုံတဲ့ အနုပညာရှင်များဖြစ်ကြတဲ့ မြင့်မြတ်၊သက်မွန်မြင့်တို့နဲ့ အောင်မင်းခန့်တို့ကို Tiktokဆော့ဖို့လိုင်းသွင်းခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ မင်းသားချော နေတိုးနဲ့အလုပ်တွဲလုပ်နေပေမယ့် ကိုယ်ကြိုက်တဲ့ မင်းသားတစ်ယောက်ဖြစ်တာကြောင့် မခေါ်မပြောရဲဖြစ်နေရပါတယ်”ကြောက်တယ် မရိုက်ရဲဘူး အောင်မင်းခန့်ကိုတော့ လိုင်းသွင်းလိုက်ပြီ သူနဲ့တွေ့ရင်ဘာလေးတွေဆော့မယ်လို့စုထားတဲ့ဟာပါရှိတယ် အခုလည်း အကိုနေတိုးနဲ့အတူတူဇာတ်ကားရိုက်ဖြစ်နေတာ အောင်မင်းခန့်ရော မသုရောပါတယ် အကိုနဲ့ဆိုရင်ဘယ်လိုကာရိုက်တာမျိုးဖြစ်ဖြစ်ရိုက်ချင်ပါတယ်” ဟုခြူးလေးကဖွင့်ဟသွားပါတယ်။

အနေအေးပြီးတည်ငြိမ်တဲ့ နေတိုးကို ခြူးလေးက ချစ်ုကြောက်ရိုသေနေရတာဖြစ်ပါတယ်။ နေတိုးနဲ့ ခြူးလေးတို့ပါဝင်တဲ့ “နိယာမအလွန်” ဇာတ်ကားလေးကလည်း ပရိတ်သတ်တွေမကြာခင်ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Source Myanmar cele7