
” ပျားရည်အိုင် ”နဲ့ ” ကျမကမဟေသီ ” ဇာတ်လမ်းတွဲကြီးတွေမှာလည်း သူရဲ့ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်စွမ်းရည်များကြောင့် ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချော အောင်ရေချမ်းဘဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင်အောင်ရေချမ်းကတော့ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်နေပြီး ဖြစ်ပါတယ်။


အောင်ရေချမ်းဟာ ဇာတ်လမ်းတွဲတွေဖြင့်အောင်မြင့်လာပြီးတဲ့နောက်မကြာခင်လေးမှာ ချစ်သူဖြစ်သူဆရာဝန်မလေးနဲ့ လမ်းခွဲပြတ်ဆဲခဲ့ကြပါတယ်။

သူအနေနဲ့ ချစ်လျက်နဲ့ လမ်းခွဲ့ခဲ့တာဆိုပြီး လက်ရှိမှာတော့ အနုပညာ အလုပ်တွေကိုဘဲ ဇောက်ချလုပ်ကိုင်နေတာဘဲဖြစ်ပါတယ် အောင်ရေချမ်းက တကယ် လက်ထပ် ယူမယ့်မိန်းကလေးမှပရိတ်သတ်ကိုချပြတော့မယ်ဟူဆိုလာပါတယ်” အခုတော့ တစ်ယောက်တည်းပါဘဲ အချစ်သစ်ထပ်ထားဖို့တော့မရှိပါဘူး အလုပ်ကိုဘဲ ကြိုးစားလုပ်နေပါတယ် ဒီကြားထဲ ရင်ခုန်ရတဲ့ လူတွေ တွေ့ပါတယ် မြင်သာမြင် မကြင်ရဆိုသလိုဘဲ အရင်ကတော့ ကိုယ့်type က မြန်မာဆန်ဆန်လေးပေါ့ အခုတော့ အဲ့လိုတွေမရှိတော့ဘူး ကိုယ့်အပေါ် ကိုယ့်အလုပ်အပေါ် နားလည်ပေးတယ် respect ပေးတယ် အဲ့တာကိုဘဲကြည့်တော့တယ် တကယ်ယူမာ့်မိန်းကလေးကျမှ ပရိတ်သတ်ကိုချပြတော့မယ် ကိုယ့်ကြောင့်လည်း သူများကို မထိုခိုက်စေချင်တာလည်းပါပါတယ်” ဟုသိရပါတယ်။

Source MC