
MRTV 4မင်းသမီးလေးဖြစ်တဲ့ ခြူးလေး တစ်ယောက်ဟာ ကျရာဇာတ်ရုပ်နဲ့ အပိုအလိုမရှိအံ့ဝင်ခွင်ကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ဘဲဖြစ်ပါတယ်။ပရိတ်သတ်အခိုင်အမာရရှိထားပြီးတဲ့ နောက်မှာတော့ ဇာတ်လမ်းတွဲတွေသာ မက ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်နိုင်နေပြီဘဲဖြစ်ပါတယ်။


ခြူးလေးဟာ လတ်တလောမှာကြော်ငြာတွေနဲ့ ပွဲတက်တွေမှာ မပြတ်တွေ့နေရပြီး ရုပ်ရှင်ဇာတ်ကားကြီူအနေနဲ့ နိယာမအလွန်ဇာတ်ကားလေးမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ခြူးလေးက “ချစ်ရတဲ့ သူလေးတွေနားမှာဆို ပျော်လို့……”ဆိုပြီး နိယာမအလွန်ရှပ်ရှင်ဇာတ်ကားထဲက အနုပညာ ရှင်များဖြစ်ကြတဲ့ နေတိုး၊ ပိုင်ဖြိုးသု၊အောင်မင်းခန့်တို့နဲ့အတူတူ ပုံလေးတွေကိုအမှတ်တရတင်လာခဲ့ပါတယ်။.ခြူးလေးတစ်ယောက် သူသဘောကျရတဲ့ အနုပညာရှင်တွေနဲ့ တူတူလက်တွဲ လုပ်ရလို့ပျော်နေတဲ့ပုံပါဘဲ။

ပရိတ်သတ်တွေအတွက် ခြူးလေးတို့အနုပညာ မောင်နှမတွေရဲ့ ပုံလေယကိုဖော်ပြလိုက်ပါတယ်။

Source chue chue