25th October 2020

ဗိုလ်​မှူးရဲ​အေးဝင်းအဖြစ်​ပရိတ်​သတ်​​တွေမြင်​​တွေ့ရဦးမယ့်​​အောင်​​ရေချမ်း

မင်းသား​ချော​အောင်​​ရေချမ်းက​တော့”ကျွန်​မကမ​ဟေသီ” ဇာတ်​လမ်းတွဲမှာ ကိုတင်​​ဖေအဖြင့်​နဲ့ ​အောင်​မြင်​ခဲ့ပြီး မိန်းမ​လေး​တွေ၇ဲ့ တစ်​ခဲနက်​အား​ပေးမှုကိုရရှိခဲ့သူပါ။အောင်​​ရေချမ်းဟာ လက်​ရှိမှာ​တော့ တပ်​မ​တော်​ဂုဏ်​ပြုဇာတ်​ကား​လေးမှာ ဗိုလ်​မှူးရဲ​အေးဝင်းအဖြစ်​သရုပ်​​ဆောင်​သွား​တော့မှာဖြစ်​ပါတယ်​။

အောင်​​ရေချမ်းဟာ ကိုယ်​​တိုင်​ကလည်း တပ်​မ​တော်​သားတစ်​​ယောက်​ရဲ့ သားဖြစ်​သလို ယခုကား​လေးမှာ ပါဝင်​ခွင့်​ရလို့ဂုဏ်​ယူမိ​ကြောင်း​ပြောခဲ့ပါတယ်​” ဗိုလ်​မှုးရဲ​အေးဝင်းအဖြစ်​ပါဝင်​မှာပါ အရင်​က​တော့မရိုက်​ဖူးဘူး စစ်​ကာကိုမရိုက်​ဖူးဘူးဒီကားရိုက်​ရ​တော့မယ်​ဆိုကတည်းက ကိုယ့်​ကိုကိုယ်​ စိတ်​သွင်းလိုက်​တာဘဲ အ​ဖေကိုယ်​တိုင်​ကလည်းတပ်​မ​တော်​သားတစ်​​ယောက်​ဘဲ​လေ ကိုယ်​ကလည်းတပ်​မ​တော်​ကိုချစ်​တယ်​ ဒီလိုမျိုးလုပ်​ရတယ်​ဆို​တော့ကိုယ့်​ကိုကိုယ်​ကို ဂုဏ်​ယူတယ်​ training ၁၅ ရက်​သွားလုပ်​ရမာ်​ ခုန​ပြောသလိုအဲ့မှာတစ်​ခါတည်း ကြိုတင်​ပြင်​ဆင်​မှုလုပ်​သွားမယ်​ ဆရာကိုာ်​တိုင်​ကလည်း စစ်​တပ်​က စစ်​တပ်​ကလူကစစ်​ကားရိုက်​​တော့ ​ပြောစရာမလို​အောင်​ ​ကောင်းမယ်​လို့သတ်​မှတ်​ထားပါတယ်​” ဟု​ပြောလာပါတယ်​။

LEGENDS of WARRIORS တစစ်တမက် ကိုနှင့်သက်ကို ဇာတ်ကားကြီးတွင် ဇင်ဝိုင်း၊ရဲအောင်၊ရန်ကျော်၊မင်းဟိဏ်း၊ခန့်စည်သူ၊နေမျိုးအောင်၊မင်းထက်ကျော်ဇင်၊တိုင်ရွှန်၊အောင်ရေချမ်း၊ကျော်ဆု၊စိုးမြတ်သူဇာ၊မေသဉ္ဇာဦး၊မေမြင့်မိုရ်၊ယဉ်လတ်၊ခိုင်သဇင်ငုဝါနှင့်သရုပ်ဆောင်များစွားကပါဝင်ရိုက်ကူးမည်ဖြစ်ကြောင်းသိရပါတယ်။

Source the radar

Leave a Reply

Your email address will not be published. Required fields are marked *