Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်များနဲ့ အတူတူ ကြည့်ရှုခဲ့ တဲ့ ပိုင်ဖြိုးသု – Myanmar Hot News
1st June 2023

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်များနဲ့ အတူတူ ကြည့်ရှုခဲ့ တဲ့ ပိုင်ဖြိုးသု

အခုတစ်ပတ်ရဲ့ ရုပ်တင်ဇာတ်ကားကြီးတွေထဲမှာဆိုရင်တော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး ပွဲဦးထွက်ပြသစဉ်ကထဲက ပရိသတ်များ အားပေးမှုအပြည့်အ၀ရရှိထားတဲ့ ကားဆိုလည်းမမှားပါဘူး။

ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ မေတ္တာတရားနဲ့ ပက်သက်ပြီး အထူးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သလို ကြည့်ရှုသူပရိသတ်အနေနဲ့ စိတ်ထဲမှာခံစားမှုရသတစ်ခုခု ကို ထင်ဟက်စွဲထင် ကျန်ရှိစေနိုင်တဲ့ ဇာတ်လမ်းကောင်းရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်း ဇာတ်အိမ် ဒါရိုက်တာရဲ့ ရိုက်ချက် ကာရိုက်တာအလိုက် ဇာတ်ကောင်အနေအထားအရ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များရဲ့ ပြီးပြင်မှုတို့ကတော့ ကြည့်ရှုသူအဖို့ အနှစ်သာရရှိတဲ့ ဇာတ်ကားကြီးဖြစ်စေမှာပါ။

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပိုင်ဖြိုးသု ကတော့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပြီး သူမအနေနဲ့ ဇာတ်ကားတစ်ခုထဲမှာပဲ ဇာတ်ရုပ်နှစ်မျိုးနဲ့ သရုပ်ဆောင်ခဲ့သော်လည်း လစ်ဟာမှုမရှိပဲ အကောင်းဆုံးကြိုးစားထားတာတွေ့မြင်ရမှပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီး စတင်ရုံတင်ပြသချိန်ထဲက ပရိသတ်တွေ တခဲနက်အားပေးခဲ့ပါတယ်။ဇာတ်ကားကြီး စတင်ပြတဲ့ ခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့မှာတော့ ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ ၀တ်မှုန်ရွှေရည် ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် စတဲ့ အနုပညာရှင်များစွာနဲ့အတူတူ ပိုင်ဖြိုးသုကတော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုခဲ့ကြပါတယ်။

Photo Source; Paing Phyo Thu

Leave a Reply

Your email address will not be published. Required fields are marked *